ဖခင်ဖြစ်သူ ဆေးကုသနိုင်ဖို့ လမ်းဘေးမှာ တောင်းရမ်း ရှာဖွေနေတဲ့ သမီးလိမ္မာ



အသက် (၁၅)နှစ်သာ ရှိသေးသော်လည်း နာမကျန်း ဖြစ်နေသော ဖခင်ဖြစ်သူအတွက် အရာအားလုံးကို စွန့်လွှတ်ရဲသည့် ပုံစံမျိုးဖြင့် ဘ၀တိုက်ပွဲကို ဖြတ်သန်းနေသည့် သမီးငယ်တစ်ဦး ရှိသည်။ တရုတ်နိုင်ငံ၊ ဟီဖီအရပ်ဒေသတွင် နေထိုင်သည့် ဟာအိုဒွန်ဒွန်သည် နွားရုပ်ပုံစံ မျက်နှာဖုံးကို တပ်ပြီး လမ်းဘေးတွင် တောင်းရမ်းနေခြင်း ဖြစ်သည်။ ဟာအိုဒွန်ဒွန်သည် အရွယ်နှင့် မမျှအောင် ဒုက္ခတွေ များနေသူ ဖြစ်သည်။ လမ်းဘေးတွင် တောင်းစားသည့် အလုပ်က လွယ်သည်မဟုတ်။ ပတ်ဝန်းကျင်ကတော့ ဟာအိုဒွန်ဒွန်သည် လိမ်ညာ တောင်းစားနေခြင်းသာ ဖြစ်ကြောင်း စွပ်စွဲ ဟြေဆိုကြသည်။ သို့သော် ဟာအိုဒွန်ဒွန်သည် ဖခင်ဖြစ်သူ ဆေးဖိုးရဖို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းအတွက် ပတ်ဝန်းကျင်၏ ဟြေစကားများကို ဂရုမစိုက်ခဲ့။ ထိုသို့တောင်းစားမူ ပြုလုပ်နေသည်မှာ သုံးလကျော်သွားခဲ့ပြီ ဖြစ်သည်။
      လူစည်ကားရာ လမ်းမတွင် နွားရုပ် မျက်နှာဖုံးကိုစွပ်ကာ လေးဘက်ထောက်ပြီး တောင်းရမ်းနေသည့် ဟာအိုဒွန်ဒွန်ကို မြင်တွေ့ရသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။ ဟာအိုဒွန်ဒွန်သည် သူ့အပေါ် တက်စီးခွင့်ပေးထားပြီး၊ တစ်ခါစီးပါက တရုတ်သုံးငွေ ငါးယွမ်ရရှိတတ်သည်။ ဟာအိုဒွန်ဒွန် အကြောင်းကို ချိုင်းနားဒေးလီး သတင်းဌာနက ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဟာအိုဒွန်ဒွန်က မိမိသည် ဖခင်ဆေးဖိုးအတွက် တစ်လကို ယွမ် (၅၀၀၀) ခန့် လိုကြောင်း၊ မောင်လေးနှင့် ညီမဖြစ်သူတို့အတွက် ကျောင်းစရိတ်လည်း ရှာရကြောင်း ဟြေကြားခဲ့သည်။ ဟာအိုဒွန်ဒွန်၏ ဖခင် နာမကျန်းဖြစ်ပြီးနောက် မိခင်ဖြစ်သူမှာ မိသားစုကို စွန့်ခွာသွားခဲ့သည်။ ထို့ကြောင့် အိမ်တွင် အကြီးဆုံးဖြစ်သည့် ဟာအိုဒွန်ဒွန်မှာ အရာအားလုံးကို တာဝန်ယူခဲ့ရသည်။ ကျောင်းမှထွက်ပြီး လမ်းဘေးတွင် တောင်းစားခဲ့သည်။ တောင်းစားရာတွင် တစ်နေ့ကို ပေါင်(၃၀) အထိ ရရှိတတ်သော်လည်း မိုးရွာသည့် အခါများတွင် နားရသည့်ရက်များ ရှိသည်။ ယခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံ၌ ဖခင်တစ်ဦးက သားဖြစ်သူ သွေးကင်ဆာရောဂါသည် ဆေးကုသရန်  မြင်းအရုပ် မျက်နှာဖုံးကို ၀တ်ဆင်ပြီး တောင်းရမ်းခဲ့ဖူးသည်။ ဟာအိုဒွန်ဒွန်သည် ယင်းကို အတုယူပြီး နွားရုပ်မျက်နှာဖုံး တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ဟာအိုဒွန်ဒွန်က မိမိသည် ဖခင်ဖြစ်သူနှင့် မိသားစု အသက်ရှင်နေထိုင်ရေး လုပ်ကိုင်ရခြင်း ဖြစ်သောကြောင့် ဝေဖန်မှုများကို စိတ်ထဲမထားကြောင်း ဟြေကြားခဲ့သည်။ ဟာအိုဒွန်ဒွန်၏ ဖခင်ဖြစ်သူက မိမိတို့မိသားစုကို ကူညီဖို့ တိုက်တွန်းလိုကြောင်း၊ ဟာအိုဒွန်ဒွန်ကို ကျောင်းပြန်တက်လိုကြောင်း  ဆိုခဲ့သည်။ အသက် ငယ်ရွယ်သော်လည်း မိသားစုအတွက် တောင်းရမ်း စားသောက်နေရသည့် ဟာအိုဒွန်ဒွန်က မိမိသည် အချောင်ခိုသူ မဟုတ်ကြောင်း၊ အလုပ် လုပ်ချင်သော်လည်း အသက် မပြည့်ခြင်းကြောင့် အလုပ်သမားကတ် မရသေးကြောင်း ဟြေကြားခဲ့သည်။
The Messenger

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment