လူဝကြီးအဖြစ်မှ ချောမောလှပသူ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့



ဝနေလို့ စိတ်ပျက်စရာ မလိုပါဘူး။ သို့သော် အ၀လွန်ခြင်းကို လျှော့ချတယ် ဆိုရင်တော့ စိတ်ဓာတ် ကြံ့ခိုင်နေဖို့လိုသည်။ အင်္ဂလန်နိုင်ငံရှိ အမျိုးသမီး တစ်ဦးသည် ယခင်က (၂၅၂) ပေါင်အထိ ရှိခဲ့သည်။

 အ၀တ်အစား ၀တ်ရာတွင် စိတ်ပျက်စရာ ဖြစ်လောက်သည်အထိ အ၀လွန်နေခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ ကိုယ်အလေးချိန်ကို ထက်ဝက် လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။ ကလေးနှစ်ယောက်မိခင် စီလက်သည် အရပ် ငါးပေ ၊ သုံးလက်မသာ ရှိပြီး အ၀လည်း လွန်သဖြင့်  သွားရလာရ မကောင်းခဲ့သောကြောင့် ကိုယ်အလေးချိန် လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။

 စီလက်၏ ခင်ပွန်းဖြစ်သူသည် လမ်းလျှောက်စက် တစ်လုံး ၀ယ်ပေးခဲ့ရာ ယင်းသည် ကိုယ်အလေးချိန် လျှော့ချဖို့ အကြောင်းအရင်း ဖြစ်လာခဲ့သည်။ စီလက်သည် လမ်းလျှောက်စက်ကို တစ်ပတ် ငါးကြိမ် အသုံးပြုခဲ့သည်။  (၁၅)လအတွင်း မလျော့သော ဇွဲဖြင့် အသုံးပြုခဲ့ခြင်းကြောင့် ကိုယ်အလေးချိန်ထက်ဝက် လျှော့ချနိုင်ခဲ့သည်။  စီလက်သည် ( ၁၅) လအတွင်း မိုင်ပေါင်း  (၂၇၀၀) လမ်းလျှောက်ခဲ့သည်။

  မာရသွန်ပြိုင်ပွဲ (၁၀၃) ပွဲစာနှင့် ညီမျှသည့် လမ်းလျှောက်ခြင်းကို လမ်း လျှောက်စက်ဖြင့်  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခင်က အပြင်ထွက်သည့် အခါတိုင်း  မှန်မကြည့်ရဲလောက်အောင် အ၀လွန်ခဲ့သော စီလက်သည် လေ့ကျင့်ခန်းများကို အကောင်းဆုံး ပြုလုပ်ခဲ့ပြီး အစားအစာကိုလည်း မျှတအောင် စားနိုင်ခဲ့ခြင်းကြောင့် လှပသည့် အရွယ်အစားကို ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment