အေသင်အောင်
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တက္ကစီ ကုမ္ပဏီ တစ်ခုသည် ရိုဘော့တက္ကဆီ ၀န်ဆောင်မူကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ယင်းဝန်ဆောင်မူကို လာမည့် နှစ်တွင် စတင် အသုံးပြု နိုင်မည် ဖြစ်ပြီး ၂၀၂၀ ၌ တစ်နိုင်ငံလုံး တွင်ကျယ်စွာ အသုံးပြု သွားမည် ဖြစ်သည်။ ရိုဘော့တက္ကစီ ၀န်ဆောင်မူသည် ကိုယ်တိုင် သွားလိုသည့် နေရာကို မောင်းသူ မရှိဘဲ သွားလာ နိုင်ခြင်း ဖြစ်သည်။ ယင်းဝန်ဆောင်မူကို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်နေပြီး လက်ရှိ အချိန်တွင် စမ်းသပ် နေဆဲ ဖြစ်သည်။ သို့သော် စမ်းသမ်မူများဖြင့် အခမဲ့ ၀န်ဆောင်မူကို စတင် ပေးနေပြီ ဖြစ်သည်။ အိမ်မှ ဈေးဝယ်စင်တာကို သွားရာတွင် (၃) ကီလိုမီတာ အကွာအဝေးကို သွားလာနိုင်အောင် ပြုလုပ်ပေး ထားသည်။ ကားတွင် ဂျီပီအက်စ်စနစ် တပ်ဆင် ထားပြီး နောက်ဆုံးပေါ် နည်းပညာများကြောင့် ယာဉ်မောင်းသူမလိုဘဲ သွားလာနိုင်မည် ဖြစ်သည်။ ယင်းသို့ ပြုလုပ်မူကို အစိုးရက အပြည့်အ၀ ထောက်ခံထားသည်။ ယင်းနည်းပညာကို လာမည့်နှစ်တွင် အကောင်းဆုံး စမ်းသမ်မူများ ပြုလုပ်သွားမည် ဖြစ်ပြီး သဘာဝ အန္တရာယ်ကို ကြိုတင် သိရှိနိုင်အောင်လည်း ပြုလုပ် ပေးသွားမည် ဖြစ်သည်။ မောင်းသူမဲ့ တက္ကစီကားများကို ၂၀၂၀ တွင် ဂျပန် နိုင်ငံ တစ်ဝန်း မြင်တွေ့ရတော့မည် ဖြစ်သည်။
The Messenger
0 comments:
Post a Comment