လားရှိုး၊ အောက် (၈)
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ နံနက် ၁၀ နာရီခန့် က လားရှိုးမြို့ နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ဂျန်မိုင်ကျေးရွာ အနောက်မြောက်ဘက် (၁)မိုင်ခွဲခန့် အကွာ ဟူးမွန်ဆည်မှ လားရှိုးမြို့ ဘက်သို့  ရေပေးဝေသော ရေပိုင်လိုင်း အဟောင်း ပြန်လည်တူးဖော်ထားသည့် မြောင်းဘေးတွင် မြေကြီးအနည်းငယ်ဖုံးအုပ်လျက် အလောင်း (၁) လောင်း တွေ့ ရှိခဲ့ကြောင်း လားရှိုးနယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပြသည်။
အလောင်းတွေ့ ရှိသည့်သတင်းအရ လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ မှူးဦးစီးသော တပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ ဂျန်မိုင်ကျေးရွာအနောက်မြောက်ဘက် (၁)မိုင်ခွဲခန့် အကွာတွင် အမည်မသိ အလောင်း (၁) လောင်းအား ဦးခေါင်းမှခါးအထိ ပီနံအိတ်စွပ်လျက် မြို့ ရေပေးဝေရေးပိုက်လိုင်းအဟောင်းပေါ်တွင် မှောက်လျက် အနေအထားဖြင့် မြို့ ရေပေးဝေရေးပိုက်လိုင်းအသစ်အတွက် တူးဖော်ထားသော မြေကြီးအနည်းငယ် ကိုယ်ပေါ်တွင် ဖုံးအုပ်လျက် တွေ့ ရှိရကြောင်း ၄င်းက ဆက်လက်ပြောပြသည်။
အဆိုပါအလောင်းအား တရားသူကြီးခွင့်ပြုချက်အရ မြေကြီးများဖယ်ရှား၍ စစ်ဆေးရာ အလောင်းမှာ အသက် (၃၀) နှစ် ခန့်  အရွယ် အမျိုးသားတစ်ဦး၏ အလောင်းဖြစ်ပြီး အပေါ်အင်္ကျီမပါ၊ ကွာတားဂျင်းဘောင်းဘီအပြာရောင်ဝတ်ဆင်လျက် တွေ့ ရကြောင်း၊ ခန္ဓာကိုယ်အနေအထားမှာ ပုပ်ပွနေပြီး ၄င်းဝတ်ဆင်ထားသည့် ဘောင်းဘီ ၀ဲဘက်အိတ်ကပ်အတွင်းမှ မိန်းမကိုင်ပိုက်ဆံအိတ် အနီရောင်အသေး (၁)လုံးတွေ့ ရှိရကြောင်း၊ ဖွင့်ဖောက်စစ်ဆေးရာ အတွင်းမှ လားရှိုးမြို့ ၊ မယ်ဟန်ကျေးရွာ၊ ရပ်ကွက် (၅) တွင်နေထိုင်သူ လောင်ရှန်း၊ ဟွန်းလန် အမည်များရေးသားထားသည် အိမ်ထောင်စု စာရင်းစာရွက် (၁) ရွက်၊ ဖုန်းနံပါတ်များ ရေးသားထားသည့် ရေစိုစုတ်ပြဲနေသည့် ဗလာစာရွက် (၁) ရွက်၊ ဖုန်းနံပါတ်များ ရေးသားထားသည့် တယ်လီနော ဆင်းကဒ်ခွံ (၁) ခု၊ ဖုန်းနံပါတ်များရေးသားထားသည့် ကဒ်ထူစာရွက်ပိုင်း (၁) ခုတို့ ကို တွေ့ ရှိခဲ့ကြောင်း၊ အလောင်းကို ညနေပိုင်း ၃း၃၀ ခန့် တွင် လားရှိုးပြည်သူ့ ဆေးရုံသို့  ရဲဆေးစာနှင့်အတူ ပို့ ဆောင်ခဲ့
ကြောင်း သိရသည်။
အဆိုပါအလောင်းတွေ့ ရှိမှုနှင့်ပါတ်သက်၍ လားရှိုးနယ်မြေရဲစခန်းမှ (ပ) ၈၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ် ထားရှိပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စခန်းမှူးရဲအုပ်နိုင်လင်း မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သမန်းကျား၊ ရတနာပုံနေ့ စဉ်
Lashio News Diary
https://www.facebook.com/lashio.news.city
0 comments:
Post a Comment