အမြင့်ကြောက်သူများ မကြည့်ရ တံတားများ

အကယ်၍ သင်ဟာ အမြင့်ကြောက်သူ တစ်ယောက်ဆိုရင် ခုကစပြီး နောက်ထပ်ပုံတွေကို မကြည့်မိဖို့ အကြံပြုပါတယ်။

ကမ္ဘာအနှံ့က ရဲရင့်တဲ့စွန့်စားသူတွေကို စိန်ခေါ်နေတဲ့ ကျိုးကျဖွယ်အကောင်းဆုံး ဒါမှမဟုတ် ဘာလက်ရန်းမှမပါတဲ့ ကြောက်စရာအကောင်းဆုံး တံတား အချို့ကိုတင်ပြမှာပါ။

အမြင့်ရောက်လို့မူးတတ်တဲ့သူတွေအတွက် အမြင့်တက်စရာမလိုပဲ တွေ့မြင်နိုင်ဖို့အတွက် ပြင်သစ်က Millau Viaduct တံတားရဲ့ ရှင်းလင်းပြတ်သားတဲ့ပုံတွေကိုတင်ပေးလိုက်ပါတယ်။ ဒီတံတားဟာ ကမ္ဘာပေါ်က အရှည်ဆုံးတံတားပါ။ မြေမျက်နှာပြင်အထက် ပေ ၁၁၂၅မှာ ရှိတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး တည်ဆောက်ပုံရှိတဲ့ တံတားတစ်ခုကတော့ ပါကစ္စတန်မှာရှိတဲ့ Hussaini ကြိုးတံတားပါ။ တံတားကြီးက ကြီးပေမဲ့ သစ်သားပြားတွေ တစ်ခုနဲ့တစ်ခုကြားမှာ ခြေတစ်လှမ်းစာလွတ်လွတ် နေပါတယ်။ ချော်နင်းမိရင်တော့ မသက်သာပါဘူး။

Huinchiri, Peru နားက Andes တောင်မှာရှိတဲ့ ဒေသခံရွာသားတွေ ဟာ သူတို့ရဲ့ မြက်နဲ့တည်ဆောက်ထားတဲ့ Q’eswachaka ကြိုးတံတားကို နှစ်တိုင်းပြန်ဆောက်ရပါတယ်။ ဒီတံတားကောင်းနေတုန်းမှာတော့ ကမ္ဘာလှည့်ခရီးသည်တွေက မဆိုစလောက် အခကြေးငွေကိုပေးပြီး ဖြတ်ကြပါတယ်။

တရုတ်နိုင်ငံ Henan ပြည်နယ်၊ Yuntai တောင်ပေါ်က မှန်ကြမ်းခင်း လျှောက်လမ်းနဲ့လုပ်ထားတဲ့ တံတားမှာ ပြီးခဲ့တဲ့အပတ်တုန်းက မှန်ကွဲလို့ အထိတ်တလန့်ဖြစ်ခဲ့ရပါသေးတယ်။ ခရီးသွားဧည့်သည်တွေ မထိခိုက်ခဲ့ပေမဲ့ အော်ဟစ်နေခဲ့ရပါတယ်။ တံတားကိုပြင်ဖို့ ပိတ်လိုက်ရပါတယ်။

ဂျပန်နိုင်ငံရဲ့ အဓိကကျွန်း ၄ခုထဲက အသေးဆုံးဖြစ်တဲ့ Shikoku ကျွန်းပေါ်မှာလည်း နွယ်ပင်တံတား သုံးခုရှိပါတယ်။ သစ်သားချောင်းတွေကို ၇ နဲ့ ၁၂လက်မစီခြားပြီး တည်ဆောက်ထားတာပါ။ နွယ်ကြိုး နှစ်ကြိုးတည်းနဲ့ ဆိုပေမဲ့ စိတ်ချရပါတယ်။


မြန်မာနိုင်ငံ၊ တောင်တမန်ကန်ကို ဖြတ်ပြီး တစ်မိုင်နီးပါး ရှိတဲ့ ဦးပိန်တံတားပါ။ ကျွန်းသစ်လုံးတွေနဲ့ တည်ဆောက်ထားပါတယ်။ ကျွန်းတိုင်ပေါင်း ၁၀၈၆တိုင် ကိုရေထဲ စိုက်ထားပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:Daily Mail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment