သင်္ချိုင်းကုန်း ဖောက်ပြီး အလောင်းခိုးတဲ့ အမျိုးသား ၃ ဦး အဖမ်းခံရ

လူဆိုး အဖွဲ့တစ်ဖွဲ့ဟာ သုသာန်ကနေ အလောင်းခိုးမှု နဲ့ သံသယ ရှိခံရတဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။ သူတို့ဟာ ထို အလောင်းကို သရဲ မင်္ဂလာဆောင်အတွက် ရောင်းချဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်ပြည်မြောက်ပိုင်း Shanxi ခရိုင်က ရဲတပ်ဖွဲ့တွေဟာ သချီုင်းကုန်း ဖောက်ထွင်းမှု နဲ့ အမျိုးသား ၃ ယောက်ကို ဖမ်းဆီးခဲ့ရပါတယ်။ ရဲအရာရှိတွေ အခိုင်အမာဆိုခဲ့တာကတော့ အဓိက သံသယ ရှိခံရသူ အသက် ၇၂ နှစ် အရွယ် Hou ဆိုသူကတော့ သူဟာ အလောင်းခိုးခဲ့တယ်ဆိုတာ ၀န်ခံထားပြီး ထို အလောင်းရဲ့ နာရေး သတင်းကို ကြားကတည်းက ခိုးဖို့ ကြံစည်ခဲ့တာဖြစ်တယ်လို့ လည်း ထွက်ဆိုထားကြောင်း iCross China သတင်းဌာန ရဲ့ ဖော်ပြချက်အရသိရပါတယ်။

ရဲအရာရှိတွေရဲ့ ပြောကြားချက်အရတော့ ထို အလောင်းသူခိုး အမျိုးသား ၃ ယောက်ဟာ အခိုးခံရတဲ့ အမျိုးသမီး အလောင်းနဲ့ ဆွေမျိုးတော်စပ်တယ်လို့ သိရပြီး သူတို့ဟာ ထို အမျိုးသမီးအလောင်းကို စတာလင်ပေါင် ၂၅၀၀ နဲ့ ရောင်းချဖို့ ကြိုးစားခဲ့ကြတာပါ။

ထို သချိုင်းကုန်း တည်ရှိတဲ့ ကျေးရွာနေ ပြည်သူတွေက အခေါင်းကြီးပွင့်နေတာကို တွေ့ရတဲ့အတွက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဒေသအချို့မှာတော့ "Netherworld Marriage" ဆိုတဲ့ တမလွန် မင်္ဂလာဆောင်ကို ကျင်းပလေ့ရှိပြီး ရိုးရာ ယုံကြည်မှုအရတော့ မင်္ဂလောင်မဆောင်လိုက်ရတဲ့ အမျိုးသားတွေကို တမလွန် မင်္ဂလာဆောင် ပြုလုပ်ပေးခြင်းက ကျန်ရစ်သူ မိသားစုကို လာဘ်လာဘ ကောင်းစေတယ် လို့ သိရပါတယ်။

ဒါကြောင့် ကျန်ရစ်သူမိသားစုတွေက အမျိုးသမီး အလောင်းကိုဝယ်ပြီး သေဆုံးသွားတဲ့ မင်္ဂလာမဆောင်ရသေးသူ အမျိုးသားနဲ့အတူ အခေါင်းတစ်ခုထဲမှာ ထည့်ပြီး မင်္ဂလာဆောင်ပေးကြတာပဲဖြစ်ပါတယ်။

ထို အလောင်းခိုးသူ အမျိုးသား ၃ ယောက်ကတော့ ၂၀၁၂ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံမှာပဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး တမလွန် သတို့သမီး အဖြစ် ရောင်းချဖူးတယ်လို့ လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment