အလွန်အမင်း ထိရောက်တဲ့ ငှက်ဖျားဆေး ရှာဖွေတွေ့ရှိမှုအတွက် တရုတ်သိပ္ပံပညာရှင် နိုဘယ်လ်ဆု ဆွတ်ခူးရရှိ


တရုတ်အမျိုးသမီး သိပ္ပံပညာရှင်တစ်ဦးဟာ သူမရဲ့ ငှက်ဖျားရောဂါ ကာကွယ်ကုသပေးတဲ့ ဆန်းသစ် တိုင်းရင်းဆေးကုထုံး ရှာဖွေတွေ့ရှိချက်ကြောင့် Physiology or Medicine နယ်ပယ်မှာ ၂၀၁၅ ခုနှစ် နိုဘယ်လ်ဆု တစ်ဝက် ပေးအပ်ချီုးမြင့် ခံခဲ့ပါတယ်။
ဒီအမျိုးအစားနဲ့ နိုဘယ်လ်ဆုရရှိသူ ၁၂ ယောက်မြောက် အမျိုးသမီးဖြစ်တဲ့ Tu Youyou ဟာ ငှက်ဖျားရောဂါကုသရာမှာ ထိရောက်မှု အရှိဆုံးဖြစ်တဲ့ artemisinin ဆေး တည်ထွင်သူပဲ ဖြစ်ပါတယ်။
သူမ ဒီဆေး စတင်တွေ့ရှိတဲ့အချိန်ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ ကြာကပါ။ အဲဒီအချိန်ဟာ ထိရောက်သော ငှက်ဖျားရောဂါ ကာကွယ်ဆေးတစ်ခု တီထွင်ဖို့ စစ်ဦးစီးမှူး Mao ကိုယ်တိုင် အမိန့်ပေးခဲ့တဲ့ လုပ်ခါစ တပ်မတော် စီမံကိန်းတစ်ခုမှာ သူမရှိနေစဉ်ကာလ ဖြစ်ပါတယ်။ အကြိမ်ပေါင်းမြောက်များစွာ ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း အသက်ပေါင်း မီလျှံနဲ့ ချီ ကယ်တင်ပေးမယ့် artemisinin ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
သို့ပေမယ့် အာရုံစူးစူးစိုက်စိုက် အလုပ်လုပ်တတ်တဲ့ ဒီသိပ္ပံပညာရှင် (ယခု အသက် ၈၅) က သူမရဲ့ ဆေးပညာ စူးစမ်းလေ့လာမှုကို ရပ်တန့်မသွားခဲ့ပါဘူး။ Beijing မြို့ China Academy of Traditional Chinese Medicine ရှိ သူမ ဓာတ်ခွဲခန်းမှာ တစ်ကမ္ဘာလုံး ငှက်ဖျားရောဂါ အပြတ်ချေမှုန်းပေးမယ့် ပိုမိုအစွမ်းထက်တဲ့ ဆေးကို တီထွင်ဖန်တီးဖို့ artemisinin ကို ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။ 
Ref: cctvnews
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment