Facebook က အာဖရိကနိုင်ငံတွေဆီသို့  ဂြိုလ်တုတွေနဲ့ အခမဲ့အင်တာနက် လွှင့်ပေးမည်


ဆိုရှယ်နက်ဝေါ့ခ် Facebook ဟာ ပြင်သစ်ဂြိုလ်တု ကုမ္ပဏီ Eutelsat နဲ့ ပူးပေါင်းကာ ဆာဟာရသဲကန္တာရ တောင်ပိုင်းအာဖရိကဒေသက ပြည်သူလူထုတွေကို အင်တာနက် သုံးနိုင်မယ့် အခွင့်အလမ်းကို ထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်။
အဆိုပါဂြိုလ်တုကို နောက်နှစ်ထဲမှာ လွှင့်တင်မှာဖြစ်ပြီး ၂၀၁၆ ခုနှစ်လယ်လောက်မှာ စတင် လည်ပတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အာဖရိက အရှေ့ ၊အနောက် နဲ့ တောင်ပိုင်းက နိုင်ငံ ၁၄ နိုင်ငံအထိ အင်တာနက်ရောက်ရှိမှာ ဖြစ်ပါတယ်။
Facebook ဟာ ကျေးလက်ဒေသတွေဆီ အခမဲ့အင်တာနက်ကို ဆောင်ကျဉ်းပေးနိုင်ဖို့ အတွက် ဒီဂြိုလ်တု ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ကုမ္ပဏီဟာ ၎င်းတို့ ရဲ့ internet.org အစီအစဉ် ရဲ့ ပဏာမခြေလှမ်း တစ်စိတ်တစ်ပိုင်း အနေနဲ့ ကမ္ဘာတစ်လွှားက ဘီလီယံနဲ့ ချီတဲ့လူတွေ အွန်လိုင်းသုံးစွဲ နိုင်အောင်အတွက် ဂြိုလ်တုတွေ၊ လေဆာတွေနဲ့ ဒရုန်းလေယာဉ်တွေကို အသုံးပြုလျက်ရှိပါတယ်။
“ Facebook က ခံယူထားတဲ့တာဝန်မစ်ရှင်ကတော့ ကမ္ဘာတစ်ခုလုံးကို ချိတ်ဆက်ပေးဖို့ ဖြစ်ပြီး ဂြိုလ်တုတွေဟာ အာဖရိကပြည်သူလူထုတွေကိုအင်တာနက်ချိတ်ဆက်ပေးရာမှာ တွေ့ ရမယ့် အဟန့် အတားတွေကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်လိမ့်မယ်လို့ ကျွန်တော်တို့  ယုံကြည်ပါတယ်။ Internet.org အစီအစဉ်မှာ ကျန်းမာရေးနဲ့ ဘဏ္ဍာရေး tools တွေ နဲ့ Facebook အပါအ၀င် ၀န်ဆောင်မှု ၆၀ ကျော်ကို ဒေတာသုံးစွဲမှုကောက်ခံမှု မရှိဘဲ အခမဲ့သုံးစွဲနိုင်မှာဖြစ်ပါတယ်။
Ref: CNN 
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment