ကလေး (၃) ယောက်မိခင် အလှမယ် ချန်ပီယံဆုရ


သြစတြေးလျနိုင်ငံတွင် ကျင်းပသော အလှမယ်ပြိုင်ပွဲသည် အခြားပြိုင်ပွဲများနှင့် မတူဘဲ ထူးခြားခဲ့သည်။ ယင်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်သော ပြိုင်ပွဲဝင် အမျိုးသမီးများသည် လှနေရုံ တစ်ခုတည်းနှင့်မရဘဲ ကျန်းမာသန်စွမ်းရမည် ဖြစ်သည်။ ကာယကြံ့ခိုင်မှုနှင့် လှပခြင်းကို ရောစပ်ကျင်းပသော ပြိုင်ပွဲဖြစ်သည်။
      ကာယအလှမယ် ချန်ပီယံဆုပြိုင်ပွဲ တစ်ပွဲဟု ဆိုရမည်ဖြစ်သည်။ ကြွက်သားများနှင့် အလှအပ နှစ်ခုပိုင်ဆိုင်ထားသူများ ၀င်ရောက် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။
      ယင်းပြိုင်ပွဲကို ကလေး(၃) ယောက် မိခင်တစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မထင်မှတ်ဘဲ ချန်ပီယံဖြစ်ခဲ့သည်။ အသက် (၃၃)နှစ် အရွယ်ရှိ ဂျန်စမာသည် ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန် (၁၆) ပတ်အလိုတွင်မှ ကြိုတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က အဆီများနေသာ ကိုယ်ခန္ဓာကို ကြွက်သားများ ဖြစ်လာအောင် လေ့ကျင့်ခဲ့ရသည်။
      စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကြောင့် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သင်တန်းဆရာ၏ သင်ကြားမူကို အကုန် လိုက်နာခဲ့သည်။ ထို့ပြင် အစားအသောက်ကို လိုအပ်သလောက်သာ စားသုံးခဲ့သည်။ အချိန်တိုင်း အကောင်းဆုံး ဖြစ်အောင် လေ့ကျင့် ပြင်ဆင်ခဲ့သောကြောင့် ချန်ပီယံဆု ရရှိခဲ့သည်။ ထို့ကြောင့် နိုဝင်ဘာလတွင် အမေရိကန် ပြည်ထောင်စုတွင် ကျင်းပမည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ၀င်ရောက်ခွင့် ရရှိတော့မည်ဖြစ်သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment