မြန်​မာ့ ​ကျောက်​စိမ်း​လုပ်​ငန်း ​ထိပ်​ပိုင်း​လူ​နည်း​စု ​အ​ကျိုး​ရှိ
စစ်​တပ်​နဲ့ ​နီး​စပ်​သူ​တွေ​သာ ​ဖား​ကန့်​မှာ ​ကျောက်​စိမ်း ​တူး​ဖော်​ခွင့်​ရ။
မြန်​မာ​ပြည် ​ကျောက်​စိမ်း​တွင်း ​တွေ​က​နေ ​မ​နှစ်​က ​တစ်​နှစ်​တည်း​မှာ ​ထုတ်​ယူ​ခဲ့​တဲ့ ​တန်​ဖိုး​ဟာ ​အံ့​အား​သင့်​ဖွယ်​ရာ ​ဒေါ်​လာ ၃၁ ​ဘီ​လျံ ​ရှိ​တယ်​လို့ ​အဲ​ဒီ ​အ​ဖွဲ့​ရဲ့ ​အ​စီ​ရင်​ခံ​စာ​က ​ပြော​ပါ​တယ်။
ပြီး​ခဲ့​တဲ့ ၁၀ ​စု​နှစ် ​တစ်​ခု​အ​တွင်း ​ထုတ်​ယူ​ခဲ့​တဲ့ ​ကျောက်​စိမ်း ​တန်​ဖိုး​က​တော့ ​ဒေါ်​လာ ​ဘီ​လျံ ၁၂၀ ​ကျော် ​လိမ့်​မယ်​လို့ Global Witness ​အ​ဖွဲ့​က ​ခန့်​မှန်း ​ပါ​တယ်။
ကျောင်း​စိမ်း​တွင်း ​ကု​မ္န​ဏီ​တွေ​ဟာ ​အဲ​ဒီ ​ဒေ​သ​မှာ ​ဖြစ်​တဲ့ ​တိုက်​ပွဲ​တွေ​မှာ ​အ​စိုး​ရ​တပ်​နဲ့ KIA ​က​ချင် ​လွတ်​မြောက်​ရေး​တပ် ​နှစ်​ဘက်​စ​လုံး​ကို ​ငွေ​ကြေး ​ထောက်​ပံ့ ​နေ​တယ် ​လို့​လည်း ​အဲ​ဒီ ​အ​စီ​ရင်​ခံ​စာ​က ​ဖော်​ပြ ​ပါ​တယ်။
အဲ​ဒီ​ဒေ​သ​မှာ ​ဒေ​သ​တွင်း ​ဖွံ့​ဖြိုး ​တိုး​တက်​မှု​တွေ ​တွန်း​အား​ပေး ​ဆောင်​ရွက်​ရ​မယ့်​အ​စား ​ကျောက်​စိမ်း ​တူး​ဖော်​ရေး ​လုပ်​ငန်း​တွေ​ကို ​မြန်​မာ ​စစ်​အ​စိုး​ရ ​ခေါင်း​ဆောင်​ဟောင်း ​ဦး​သန်း​ရွှေ ​မိ​သား​စု​နဲ့ ​လက်​ရှိ ​အ​စိုး​ရ ​ဝန်​ကြီး​တ​ချို့ ​အ​ပါ​အ​ဝင် ​အင်​အား​ကြီး​တဲ့ ​လူ​နည်း​စု ​ငွေ​ရှင် ​ကြေး​ရှင်​တွေ​က ​လက်​ဝါး​ကြီး ​အုပ်​ထား​ကြ​တယ် ​လို့​လည်း ​အ​စီ​ရင်​ခံ​စာ​က ​ဆို​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
Share on Google Plus
About Editor
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
0 comments:
Post a Comment