ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား သင်္ဃန်းကျွန်း စံပြဈေးအနီး ဖမ်းဆီးထိန်းသိမ်း


ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို အောက်တိုဘာ၂၉ ရက် နေ့လယ် ၁၂
နာရီခန့်တွင် စံပြဈေးအနီး၌ ထိန်းသိမ်းခံရကြောင်း ဗကသ သတင်းနှင့်ပြန်ကြားရေးမှ
ကိုရဲရင့်ကျော်က ပြောသည်။

ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုမှာ ရန်ကုန်
သင်္ကန်းကျွန်းမြို့နယ် စံပြဈေးအနီးတွင် ၂၉-၁၀-၁၅ နေ့လယ် ၁၂ နာရီ အချိန်ခန့်က
ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရကြောင်း အတည်ပြု ထုတ်ပြန်ထားကြောင်း သိရသည်။

ကိုရဲရင့်ကျော်က ”ဟုတ်ပါတယ်။ စံပြဈေးမှာ နေ့လယ်က အဖမ်းခံရတာလို့ သိရပါ
တယ်။ ဘယ်အဖွဲ့က ခေါ်သွားလဲဆိုတာ သေချာမသိရသေးပါဘူး” ဟု ပြောသည်။

ယင်းအတွက် ကိုကျော်ကိုကိုအား ဝရမ်းထုတ်ထားသည့် ကျောက်တံတားနှင့်
ကမာရွတ်မြို့နယ် ရဲစခန်းတို့အား သွားရာက်စုံစမ်းရာ ယင်းတို့အနေဖြင့်
ကိုကျော်ကိုကိုအား ထိန်းသိမ်းထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားချက်အရ
သိရသည်။

ကမာရွတ်မြို့နယ် ရဲစခန်းဒုစခန်းမှူးက “ကျွန်တော်တို့ဆီက ဖမ်းတာမဟုတ်ပါဘူး။
ဘယ်ကဖမ်းလဲဆိုတာ မသိရသေးပါဘူး။ ကျွန်တော်တို့က ဖမ်းတယ်ဆိုရင်
အခုချိန် အလုပ်ရှုပ်နေပြီပေါ့” ဟု ပြန်လည်ဖြေကြားသည်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ပြုလုပ်သည့် ကျောင်းသားသပိတ်
နှင့်ပတ်သက်ပြီး လက်ပံတန်းမြို့နယ်၊ ကမာရွတ်မြို့နယ် တို့တွင် အမှုဖွင့်ခံထားရပြီး
ကျောင်းသပိတ်တွင် ထိန်းသိမ်းခံရသည့် ကျောင်းသားနှင့် ဝန်းရံပြည်သူများ
ပြန်လွတ်ရေးအတွက် သိမ်ကြီးဈေးအနီးတွင် မတ်၂၇ ရက်က ဆန္ဒဖော်ထုတ်သည့်
အတွက် ကျောက်တံတားမြို့နယ်ရဲစခန်းက အမူဖွင့်ထားကြောင်း သတင်းများအရ
သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment