SSPP/SSA နှင့် အစိုးရ စစ်တပ်တို့ အကြား မိုင်းရှူးမြို့နယ် မိန်းအက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးသူ စာရင်း အတိအကျ မသိရသေး


ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အစိုးရ စစ်တပ်တို့အကြား မိုင်းရှူးမြို့နယ်
မိန်းအက် ဒေသတွင် အောက်တိုဘာလ ၂၇ ရက်နေ့က တိုက်ပွဲများ ပြင်းထန်စွာ
ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးသူ စာရင်း အတိအကျ မသိရသေးကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် အောက်တိုဘာ ၁၆ ရက်ခန့်က အစိုးရစစ်တပ်က သိမ်းယူထား
ခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းတစ်ခုအား မြောက်ပိုင်း သျှမ်းပြည်တပ်မတော်
က ပြန်လည် သိမ်းယူသွားကြောင်း အဆိုပါ SSPP/SSA မှပြောခွင့်ရပုဂ္ဂိုလ် ၏
ပြောပြချက်အရ သိရပြီး အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ အစိုးရဘက်မှ သတင်းထုတ်ပြန်
ထားခြင်း မရှိသေးကြောင်း သိရသည်။

သျှမ်းပြည် တပ်မတော် မြောက်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက “ အဲဒီ
ကောင်းမုံမိန်းက ကျွန်တော်တို့ တပ်စခန်းကို အောက်တိုဘာလ ၁၆ ရက်နေ့တုန်းက
အစိုးရဘက်က သိမ်းယူထားတာ ဖြစ်တယ်။ ကျွန်တော်တို့ဘက် က ပြသ၁နာတွေ
သိပ်မကြီးလာအောင်လို့ ဆုတ်ပေးလိုက်တာ။ သူတို့က အဲဒီ ကုန်းပေါ်ကနေ
ပြည်သူလူထုနေတဲ့ ရွာတွေထဲ လျှောက်ပစ်နေတယ်လေ။ ဒါကြောင့် ကျွန်တော်တို့
က ပြန်သိမ်းလိုက်တာ။ အကျအဆုံး ရှိပေမယ့် တိတိကျကျ စာရင်းမရသေးဘူး ” ဟု
အောက်တိုဘာလ ၂၈ ရက်နေ့က မေးမြန်းထားသည်ကို သျှမ်းသံတော်ဆင့်တွင်
ဖော်ပြထားချက်အရ သိရသည်။

ပြည်ထောင်စုအဆင့် အပစ်ခတ် ရပ်စဲထားသည့် သျှမ်းပြည်တပ်မတော် မြောက်
ပိုင်း (SSPP/SSA)နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား
နေသည်မှာ တစ်လနီးပါးခန့် ကြာမြင့်ပြီဖြစ်သည်။ NCA လက်မှတ် ရေးထိုးရာတွင်
လည်း အားလုံးပါဝင် လက်မှတ်ရေးထိုးမှ လက်မှတ်ရေးထိုးမည်ဟု SSPP/SSA က
ဆိုသဖြင့် အစိုးရ စစ်တပ်ဘက်က တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သျှမ်းပြည်
တပ်မတော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားသည့်
စစ်ပွဲကြောင့် ထောင်ချီသည့် ဒေသခံများမှာ မိမိတို့နေရပ်ကို စွန့်ခွာထွက်ပြေးနေရပြီး
တိုက်ပွဲ အကြောင်းပြချက်ဖြင့် ကျေးသီး၊ မိုင်းရှူုးမြို့နယ်များ တစ်ခုလုံးနှင့် တန့်ယန်း ၊
ဟိုပန်တို့တွင် အုပ်စုတချို့ ရွေးကောက် ပွဲကျင်းပမည် မဟုတ်ကြောင်း ရွေးကောက်ပွဲ
ကော်မရှင် ကြေညာထားသည့် နေရာများ ဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းထွန်းအောင်လွင် ၊ စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment