အေသင်အောင်
မင်္ဂလာပွဲ တစ်ပွဲကို ပြုလုပ်ရာတွင် ပေါင်သန်း (၂၀)နီးပါး ကုန်ကျခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ကြောင်း ဒေးလီးမေးလ် သတင်း တစ်ရပ်တွင် ရေးသား ဖော်ပြ ထားသည်။ ယင်းမင်္ဂလာပွဲကို အမေရိကန်မှ နာမည်ကျော် ရုပ်သံစတား ကင်မ်ကာဒီရှီယန်နှင့် ရက်ပ်ပါ အဆိုတော် ကင်ယီဝက်စ်တို့၏ မင်္ဂလာပွဲနှင့် ခိုင်းနိုင်းခဲ့သည်။ တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး အနုပညာရှင် နှစ်ဦး၏ လက်ထပ် မင်္ဂလာပွဲ ဖြစ်သောကြောင့် တက်ရောက် လာသည့် ရင်းနှီးသည့် မိတ်ဆွေ (၂၀၀၀) အထိ ရှိခဲ့သည်။ မင်္ဂလာကိတ်က (၁၀) ပေကျော်ပြီး၊ သတို့သမီး ၀တ်ဆင်သည် လက်ထပ် လက်စွပ်သည် ပေါင် တစ်သန်းနီးပါး ရှိသည်။ မင်္ဂလာပွဲတွင် ၀တ်ဆင်သည့် မင်္ဂလာ ဂါဝန်ကို နာမည်ကျော် ဖက်ရှင် ကုမ္ပဏီ Dior ပြုလုပ် ပေးခဲ့ခြင်း ဖြစ်သည်။ အကောင်းဆုံး ခန်းမတွင် အကြီးကျယ်ဆုံး မင်္ဂလာပွဲကို ပြုလုပ်ခဲ့သောကြောင့် တရုတ် နိုင်ငံသားများ၏ ငွေကြေးသုံးစွဲမူကို အံ့အားသင့် ခဲ့ကြသည်။ သတို့သမီးဖြစ်သူ Yang သည် တရုတ်နိုင်ငံတွင် ဆယ်စုနှစ် များစွာ ထင်ရှား ကျော်ကြားသူ ဖြစ်သည်။ အသက် (၁၄) နှစ်အရွယ် ကတည်းက အာရှတွင် လူသိများသည့် သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ် တစ်ဦးလည်း ဖြစ်သည်။ ယခုအခါ အသက် (၂၆) နှစ်ရှိသွားပြီ ဖြစ်သော်လည်း အောင်မြင်မူများ ဆက်လက် ထိန်းနိုင်ဆဲ ဖြစ်သည်။ သတို့သား ဖြစ်သူမှာလည်း နာမည်ကျော် သရုပ်ဆောင် တစ်ဦးဖြစ်သည့် Huang Xiaoming ဖြစ်သည်။ မင်္ဂလာပွဲကို အာရှတိုက်ရှိ ထင်ရှားသည့် သရုပ်ဆောင်များ တက်ရောက်ခဲ့သည်။ Yang သည်ပြီးခဲ့သည့် လများတွင် မျက်နှာကို ခွဲစိတ် ကုသခဲ့သည်ပာု သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ပရိသတ်များ အကြား မေးခွန်းထုတ်မူတွေ ရှိခဲ့သောကြောင့် ယင်းမှာ ပာုတ်မှန်ခြင်း မရှိကြောင်း ပြန်လည် ဖြေရှင်း ခဲ့ရသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment