ထိုင်းပင်လယ်ကမ်းခြေတွင် မြန်မာနိုင်ငံသား ကလေးတဦး လိင်အင်္ဂါဖြတ်ပြီး အသတ်ခံရ



  အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲမှာ ချွန်ဖုန်းခရိုင် ထောင်းခို ပင်လယ်ကမ်းအနီး ရေပြင်မှာ အသက် ၁၁ နှစ်အရွယ် မြန်မာလူငယ်လေး အလောင်းတစ်လောင်း ပေါ်လောပေါ်နေ တာကို တွေ့ရှိရတယ်လို့ ဒေသခံရဲ တွေကပြောကြား သွားပါတယ်။ သေဆုံးသွားတာ ၃ ရက်လောက်ကြာမည့် ပုံရပါတယ်။
မိခင်ဖြစ်သူဒေါ်ကိုင် အသက် ၃၆ နှစ်က သားပျောက်လို့ လိုက်ရှာနေ့ ခဲ့တာ သုံးရက်ခန့် ရှိနေပြီး သားဖြစ်သူအလောင်းတွေမှ သူ့ သားဖြစ်နေတာ တွေ့ ရလို့ ရူးမတတ် ခံစားနေရတာကို TV သတင်းတွေမှာ တွေ့ နေရပါတယ်။

ကိုယ်အင်္ဂါပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေ အများအပြားတွေ့ရပြီး ယောင်္ကျား လိင်အင်္ဂါလည်း ဖြတ်ခံထားရတာကို တွေ့ရပါတယ်။ အဆိုပါ လူသေလောင်းကို စူရတ်ဌာနီဆေးရုံမှာ မှုခင်းသိပ္ပံဖြင့် သွားရောက် စစ်ဆေးမယ်လို့ဆိုပါတယ်။

မိခင်ရဲ့ ပြောပြချက်အရ သူ့ သားလေးဟာ ပြီးခဲ့တဲ့၂၀၁၅ အောက်တိုဘာ ၃ ရက်နေ့ကတည်းက အသက် ၄၅နှစ် ၀န်းကျင်ရှိ ထိုင်းလူမျိုး တစ်ဦး ခေါ်ဆောင်သွားပြီး ရပ်ကွက်ဈေးမှာ သွားလည် မုန့်ဝယ်စားဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ညအထိမပြန်လာတော့ စတင်လိုက်လံရှာဖွေခဲ့တာ အခု အလောင်းတွေ့ ရှိတဲ့အထိပါပဲလို့ ငိုယိုပြီး ပြောကြား သွားပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/Social-Action-for-Women-SAW
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment