ထိုင်းနိုင်ငံ ဖူးခက်မြို့က သက်သတ်လွတ် ပွဲတော်


အေသင်အောင်
          ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ကျင်းပသည့် ပွဲတော် တစ်ခုကို တက်ရောက်လာသော ရာပေါင်းများစွာသော အမျိုးသားများသည် ပါးနှင့် နူတ်ခမ်းတို့တွင် အပေါက်များ ဖောက်ကာ ထူးခြားသည့် အပြုအမူများ ပြုလုပ်ခဲ့ခြင်းကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ထိုင်းအမျိုးသားများသည် ချွန်မြသော ပစ္စည်းများ၊ ဓားများ၊ သေနတ် ပုံစံတူများ စသည် တို့ကို ပါးနှစ်ဖက်တွင် အစိမ်းလိုက် ဖောက်ထွင်းပြီး လမ်းမများတွင် လှည့်လည် သွားလာခဲ့သည်။ မြင်ရသူများ အဖို့ ထိတ်လန့်စရာ ဖြစ်ခဲ့သည်။  ယင်းပွဲတော်မှာ ဖူးခက် ဒေသတွင် နေထိုင်ကြသည့် တရုတ် လူမျိုးများ နှစ်စဉ် ကျင်းပနေသည့်  ပွဲတော် ဖြစ်သည်။ တရုတ်ပြက္ခဒိန်၏ (၉) လမြောက်တွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး ယင်းပွဲတော်ကို ၀င်ရောက် ဆင်နွှဲသူသည် သက်သတ်လွတ် စားထားသူများ ဖြစ်သည်။ သက်သတ်လွတ် စားသုံးသူများသည် နှစ်စဉ် ယင်းပွဲတော်ကို ၀င်ရောက် ဆင်နွှဲကြခြင်း ဖြစ်သည်။  ယင်းသို့ ပြုလုပ်ခြင်းသည် ကျန်းမာရေး ကောင်းမွန်ခြင်း၊ စိတ်ဖိစီးမူ မရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်ပာု သက်ဝင် ယုံကြည် နေကြသည်။ ပါးနှင့် ပါးစပ်တို့တွင် အပေါက်များ ဖောက်လုပ်ခြင်းသည်  မကောင်းဆိုးဝါးများကို တိုက်ထုတ်နိုင်သည်ပာု ယူဆ ထားကြသည်။
          ယုံကြည်သက်ဝင်မူ အရ  ပြုလုပ်ကြခြင်း ဖြစ်ပြီး ချွန်မြသော ပစ္စည်းများဖြင့် ထုတ်ချင်းဖောက် ထိုးထားသော်လည်း မည်သည့် နာကျင်မူမျှ  မဖြစ်ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းပွဲတော်ကို ၁၈၈၀ အစောပိုင်း ကာလများက ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment