နမ့်ခမ်း အောက်တိုဘာ (၁၁)ရက်
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် အောက်တိုဘာလ ၁၁ ရက်၊ နံနက် ၂ နာရီခွဲအချိန် အမှတ်(၇) ရပ်ကွက်(မိုခမ်းရပ်ကွက်)၊ ရွှေကြာလမ်း၊ အမှတ် (မခ/၈၄)တွင် နေထိုင်သော ဦးစိုင်းလှိုင်း၏ နေအိမ် အုတ်ညှပ်နှစ်ထပ် ပျဉ်ခင်းတိုက်အောက်ထပ်တိုင်တွင် ထပ်ဆင်ထားသော လျှပ်စစ်မိန်းခုံမှ ၀ါယာရှော့ဖြစ်ပြီး၊ ဓာတ်ကြိုးများလောင်ကျွမ်းရာမှတစ်ဆင့် ပျဉ်ခင်း အားလောင်ကျွမ်းပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါ နေအိမ်အပေါ်ထပ်နှင့် နေအိမ်မျက်နှာကျက်များ၊ ပရိဘောဂများလောင် ကျွမ်းခဲ့ပြီး စုစုပေါင်း တန်ဖိုး(၃)သိန်းခန့် ဆုံးရှုံးခဲ့ပါသည်။ နေအိမ်တွင်နေ ထိုင်သော ဦးစိုင်းလှိုင်းအပါအ၀င် ကျား(၁)၊ မ(၄)ဦးမှာ ထိခိုက်ဒါဏ်ရာ ရရှိခြင်းမရှိခဲ့ပဲ၊ အဆိုပါမီးလောင်မှုအား နမ့်ခမ်းမြို့နယ်မီးသတ်ယာဉ် (၁)စီး၊ အရန်မီးသတ်ယာဉ် (၄)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၅)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ (၃)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
နမ့်ခမ်းပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
0 comments:
Post a Comment