Facebook ကတဆင့် အလုပ်လက်ခံပြီး လူသတ်ခဲ့တဲ့ ၁၄နှစ်ကောင်လေး အဖမ်းခံရ

ကယ်လ်ဖိုးနီးယားနဲ့ နယ်စပ်ဖြစ်တဲ့ တီယူဝါးနားမြို့အနောက်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ မှုခင်းဖြစ်နေရာကနေ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့အတွက် ၁၄နှစ်ကောင်လေးတစ်ယောက် အဖမ်းခံခဲ့ရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

“ကောင်လေးက Facebook ကနေတဆင့် လူတစ်ယောက်နဲ့ စာချုပ်ချုပ်ခဲ့တာလို့ ပြောတယ်။” လို့ အထူးစုံစမ်းစစ်ဆေးရေးဖြစ်တဲ့ Miguel Angel Guerrero က သတင်းထုတ်ပြန်ပါတယ်။

Facebook ပေါ်က အဲဒီ့လူဟာ လူတစ်ယောက်ကိုသတ်ဖို့အတွက် ကန်ဒေါ်လာ ၁၉၀၀ ကမ်းလှမ်းခဲ့တယ်လို့ Guerrero ကပြောပါတယ်။

မြို့ရဲ့လမ်းမကြီးတစ်ခုပေါ်မှာ ဆုံကြမယ်လို့ ကောင်လေးနဲ့လူကြီးက သဘောတူညီထားခဲ့ကြပါတယ်။ မူးယစ်ရောင်တဲ့ နယ်မြေတစ်ခုဆီ တက္ကစီတစ်စီးက ကောင်လေးကို လိုက်ပို့ပြီး အဲဒီ့ကလူတွေက သတ်ရမယ့်လူကိုပြကာ လက်နက်တစ်ခုပေးခဲ့ပါတယ်။

ကောင်လေးဟာ တက္ကဆီပေါ်ကဆင်းပြီး အသက် ၃၅နှစ်အရွယ် အသတ်ခံရမယ့်သူဆီကို လမ်းလျှောက်သွားခဲ့ပါတယ်။ တွေ့တဲ့အခါမှာ ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ အရာရှိက ပြောခဲ့ပါတယ်။

ကောင်လေးဟာ ထွက်ပြေးခဲ့ရာကနေ မြို့ရဲတွေဖမ်းမိပြီး လူငယ်ပြစ်မှုတရားရုံးဆီကို လက်လွှဲပြောင်းပေးခဲ့ပါတယ်။ အာဏာပိုင်တွေက မျက်နှာဝါးထားတဲ့ ကောင်လေးပုံကို ထုတ်ပြန်ခဲ့ပါတယ်။ ကောင်လေးဟာ ဆံပင်နက်ပြီး အနီ၊ အပြာအစင်းပါတဲ့ ရှပ်အဖြူရောင်ကို ဝတ်ဆင်ထားပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:AFP
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment