Instagram မှာ ဓါတ်ပုံ ၁ ပုံတင်တိုင်း ပိုက်ဆံ ရနေတဲ့ Photo မော်ဒယ်လ်


Instagram မှာ ဓါတ်ပုံ တစ်ပုံ တင်တာဟာ တစ်ပတ်လုံးနီးပါး လုပ်အားခနဲ့ ညီမျှနေတယ်လို့ ဓါတ်ပုံမော်ဒယ်လ် တစ်ယောက် ရဲ့ ပြောကြားချက်အရ သိလိုက်ရပါတယ်။
အသက် ၂၁ နှစ်အရွယ် Gabrielle Epstein ဟာ သူမ အနေနဲ့ Instagram မှာ ဆယ်လ်ဖီ ဓါတ်ပုံ တစ်ပုံ တင်ခြင်းဟာ သာမန်မော်ဒယ်လ် တစ်ယောက် အနေနဲ့ ၄ ရက်စာ လုပ်အားခ ထက် ၀င်ငွေ ပိုရရှိနေတယ်လို့ ဆိုလာတာပါ။ထို မော်ဒယ်လ်ကောင်မလေးဟာ ဓါတ်ပုံဝေမျှတဲ့ လူမှုကွန်ရက် Instagram မှာ Follower ၇ သိန်းထိ ရှိနေတဲ့အတွက် သူမ ရဲ့ နေ့စဉ်ဘ၀ ဓါတ်ပုံတွေကို ကုန်ပစ္စည်း တွေနဲ့ တွဲဖက်ပြီး ကြော်ငြာ အဖြစ် ၀န်ဆောင်မှု ပေး ရာကနေ ၀င်ငွေ ရရှိနေတာပဲ ဖြစ်ပါတယ်။
သူမတင်လိုက်တဲ့ Post တစ်ခုစီမှာလည်း အနည်းဆုံး Like က ၂၅၀၀၀ ခန့်ထိ ရရှိနေတဲ့အတွက်လည်း ကုမ္မဏီကြီးတွေက Gabrielle ရဲ့ ကျော်ကြားမှု ကို အသုံးချပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဈေးကွက်ထိုးဖောက်လာကြပါတယ်။သူမ ကြော်ငြာအဖြစ် လက်ခံဆောင်ရွက်ပေးရတဲ့ ကုန်ပစ္စည်းတွေကတော့ အ၀တ်အစားတွေ ၊ လက်ဝတ်ရတနာ တွေ ၊ ဖျော်ရည်တွေ ၊ အလှကုန် ပစ္စည်းတွေ ပဲ ဖြစ်ပါတယ်။
သြစတြေးလျ သူတစ်ယောက်လည်း ဖြစ်တဲ့ Gabriellle ကတော့ “ကျွန်မ Instagram ကနေ ရာနှုန်းပြည့်ပိုက်ဆံ ရပါတယ်။လွန်ခဲ့တဲ့ ၁ နှစ်ခွဲ လောက်က ကျွန်မ Brisbane ကိုသွားပြီး အလုပ်တွေအများကြီး လုပ်ခဲ့တယ်။ အဲဒီမှာ အေဂျင်စီကို ၂၀ ရာခိုင်နှုန်းပေးရတယ်။ ကော်မရှင်လည်း ပေးရတယ်။ အခွန်လည်း ဆောင်ရတယ်။ နောက်ဆုံးတော့် မော်ဒယ်လ်က နည်းနည်းလေးပဲ ရပါတယ်။ “ လို့ ဆိုပါတယ်။ တကယ်တော့ Gabrielle လိုပဲ Follower တစ်သိန်းကျော်သွားတာနဲ့ ကြော်ငြာရှင်တွေ ကို Marketing ၀န်ဆောင်မှု ပေးပြီး ၀င်ငွေရနေတဲ့ Instagram ဆယ်လီ တွေလည်း အများကြီးရှိနေပါသေးတယ်။
ကုမ္မဏီ တွေကလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဓါတ်ပုံတစ်ပုံတည်းနဲ့ ကြော်ငြာ ပေးနိုင်တဲ့အတွက် ဒေါ်လာ ရာ ပေါင်းများစွာလောက် ပေးရတာလောက်တော့ မနှမြော ကြတော့ပါဘူး။ အဲဒီလို စနစ်နဲ့ ဈေးကွက်ထိုးဖောက်နေတဲ့ ကုမ္မဏီ တွေဟာလည်း ထောင်ပေါင်းများစွာ ရှိနေပါပြီ။
Ref:mirror.co.uk
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment