အရှက်ရစေနိုင်တဲ့ နေရာမျိုးမှာ နှာမချေမိစေဖို့ ကိုယ့်ကိုကိုယ် ဘယ်လိုတားမြစ်နိုင်သလဲ


လူတစ်ယောက် နာမချေမိအောင် ကိုယ့်ဘာသာကိုယ် ပြန်တားမြစ်လိုတဲ့ အကြောင်းအရင်းပေါင်းများစွာ ရှိနိုင်ပါတယ်။ အစည်းအဝေး ထိုင်နေတုန်းမို့လို့၊ ဈာပနာအခမ်းအနား တစ်ခုခုရောက်နေလို့ ဒါမှမဟုတ် တစ်ရှူးအသင့်မဆောင်ထားမိလို့ စသဖြင့် ဖြစ်နိုင်ပါတယ်။
အဲဒီလိုအချိန်မျိုးမှာ နှာမချေမိစေရန် တားမြစ်ပေးမယ့် နည်းလမ်း တချို့ရှိပါတယ်။
(၁) မိမိနှာခေါင်းကို ရသလောက် ဆွဲဆန့်ပေးပါ။ အရိုးနုကို ဆန့်ထုတ်ပြီး နှာမချေမအောင် တားမြစ်ပေးပါလိမ့်မယ်။
(၂) နှာချေတာရပ်အောင် မိမိလျှာကိုလည်း အသုံးပြုနိုင်ပါတယ်။ ရှေ့သွားတွေရဲ့ နောက်ကနေ လျှာကိုနှာချချင်စိတ် မပျောက်မချင်း တင်းတင်းလေး ဖိထားပါ။ အာခေါင်ကို လျှာဖြင့် ၁၀ စက္ကန့်လောက် ကလိထိုးလည်း ရပါတယ်။ ဒီနည်းက နှာမချေအောင် ဟန့်တားပေးမှာပဲဖြစ်ပါတယ်။
(၃) ခေါင်းကိုက်နေတဲ့အချိန်မှာ မျက်ခုံးနှစ်ခုကြား ကွက်လပ်နေရာ ဖိရတယ် မဟုတ်လား။ အဲဒီနည်းကလည်း နှာချေခြင်းရပ်စေနိုင်ပါတယ်။
(၄) နားထင်ကို ဖိကစားနေရင်းနဲ့လည်း နှာမချေမိအောင် တားမြစ်ပေးတယ်။
(၅) နှာချေတော့မယ်အချိန် အလင်းရောင်တောက်တဲ့ဘက် မျက်နှာမူခြင်းဖြင့်လည်း နှာမချေမိအောင် ဟန့်တားပေးပါတယ်။ 
Ref: lifehacker
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment