ခန္ဓာကိုယ်အလှ ကို ထိန်းသိမ်းဖို့အတွက် သားဖြစ်သူနဲ့ ဘောလုံးကစားတယ်ဆိုတဲ့ Kate Winslet




Kate Winslet ဟာ တနင်္ဂနွေနေ့က လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ Steve Jobs ရုပ်ရှင် မိတ်ဆက်ပွဲ အခမ်းအနားမှာ ကော်ဇောနီ ပေါ်ကို Alexander McQueen ၀တ်စုံ ကိုဝတ်ဆင်ပြီး သူမရဲ့ သဲနာရီ ကိုယ်လုံး အလှတွေကို ဖော်ပြခဲ့ပါတယ်။

ဟောလီးဝုဒ် အကယ်ဒမီ မင်းသမီး Kate Winslet ဟာ သူမရဲ့ တွဲဖက်သရုပ်ဆောင်ဖြစ်သူ Michael Fassbender နဲ့အတူ အောက်တိုဘာ ၁၈ ရက်နေ့ညတုန်းက Odeon Leicester Square မှာ ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ BFI လန်ဒန် ရုပ်ရှင်ပွဲတော်ကို သူတို့ရဲ့ ရုပ်ရှင်အသစ် Steve Jobs ကို မိတ်ဆက်ဖို့ ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ထို Steve Jobs ဇာတ်လမ်းကတော့ လာမယ့် အောက်တိုဘာ ၂၃ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး ထို ဇာတ်လမ်းကိုတော့ ဒါရိုက်တာ Danny Boyle က ရိုက်ကူးပေးထားတာဖြစ်ပြီး Aaron Sorkin က Screenplay အတွက် ရေးသားပေးထားတယ်လို့ သိရပါတယ်။

သူမရဲ့ ခန္ဓာကိုယ် အချိုးအစားထိန်းသိမ်းပုံနဲ့ ပတ်သက်ပြီး ဟောလီးဝုဒ် မင်းသမီးတွေကြား ရေပန်းစားနေတဲ့ ၀ိတ်ချနည်းတွေကို အသုံးပြုသလားလို့ မေးခဲ့တဲ့အခါမှာတော့ သူမက ငြင်းဆိုခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်အလှကို ထိန်းသိမ်းဖို့အတွက် သူမရဲ့ သားနဲ့ အတူ ဘောလုံး အားကစားကို ကစားကြတယ်လို့ ဆိုပါတယ်။

အသက် ၄၀ ရှိနေပြီဖြစ်တဲ့ Kate Winslet ဟာ ဒီရက်ပိုင်းမှာတော့ မိခင်တစ်ယောက် အဖြစ်နေထိုင်ရတာဟာ သူမရဲ့ အဓိက အလုပ်ပဲဖြစ်တယ်လို့ ဆိုထားပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်မှာ Ned Rocknroll နဲ့အတူ Bear Blaze ဆိုတဲ့ သားတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ Bear ဟာ Kate နဲ့ Sam Mendes တို့က မွေးဖွားခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် Joe ရဲ့ညီ ဖြစ်လာခဲ့ပါတယ်။ အကြီးဆုံးသားကတော့ အသက် ၁၅ နှစ်အရွယ် Mia ဖြစ်ပြီး Mia ကတော့ Kate ရဲ့ ပထမဆုံး ခင်ပွန်းဖြစ်သူ Jim Threapleton နဲ့ ရခဲ့တဲ့ ကလေးပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment