ဗုံးဒဏ်ထိမှန်သည့် မိုင်းရှူးဒေသခံအဖွားအို ခိုလမ်စစ်ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံး


 အောက်တိုဘာ ၂၂ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့လယ် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၄ ဦးအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ခိုလမ်စစ်ဆေးရုံသို့ ပို့ဆောင်စဉ် ခိုလမ်အရောက်တွင် တဦးသေဆုံးကြောင်း သိရသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂ မှူး အမိန့်ဖြင့် ဒဏ်ရာရသူ အသက် ၇၅ နှစ်အရွယ် မယ်ထောက်လိတ် နှင့် အသက် ၁၂ အရွယ် ၆ တန်း ကျောင်း သူ နန်းခမ်းခင်တို့ နှစ်ဦးအား မိုင်းရှူးပြည်သူ့ဆေးရုံမှ ခိုလမ် စစ်ဆေးရုံသို့ လိုင်းကား နှစ်စီးဖြင့်သွားရောက်သယ်ယူလာစဉ် မယ်ထောက်လိတ် က သေဆုံးသွားသည်ဟု သိရသည်။

“ဓါတ်မှန်ရိုက်ကြည့်တာတော့ မတွေ့ရဘူး။ ဒါပေမယ့် မယ်ထောက်လိတ်က အသက်ရှူကျပ် တယ်၊ ရင်အောင့်တယ်ပြော တယ်၊ သွေးအားလည်းကျ တယ်။ ညက သွေးသွင်းရတယ်။ တပုလင်းမကုန်သေးဘူး။ဒီမနက်ေ တာ့ သွေးသွင်းကြီးတန်းလန်းနဲ့ ဗင်ကားက လာသယ် သွားတယ်၊ လိုက်ပို့ဖို့ ဒီမှာလဲ ဝန်ထမ်းမလုံလောက်ဘူး။ ထောက်ခံစာနဲ့ပဲ လူနာလွှဲ လိုက် ရတယ်။ ခိုလမ်အရောက်မှာဘဲ ဆုံးသွားတယ်လို့ကြားတယ်” - ဟု ကျန်းမာရေး ဝန်ထမ်း အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့် သို့ အတည်ပြုပါသည်။

မယ်ထောက်လိတ်သည် အသက်အရွယ်နှင့် မလိုက်အောင် ဆေြး မှစ်၊ ဆေးဥများ ရှာရောင်းခြင်း၊ ပိန်းရွက်များခူး၍ ပေါင်းရောင်းခြင်းများဖြင့် ဝမ်းစာရှာနေသူတဦးဖြစ်သည်။

အလားတူ ဒဏ်ရာပြင်းထန်သည့် ၆ တန်းကျောင်းသူ နန်းခမ်းခင် ကလည်း အဆင်ပြေသည့် မိသားစု မဟုတ်ကြောင်း၊ ဖခင်မှာ တရုတ်နယ်စပ်ဘက် အလုပ်သွားလုပ်ကြောင်း ကြားသိရ သည်။

“မိသားစု က ပိုက်ဆံမလုံလောက်တော့ ဒီကလူတွေငွေစုတယ်။ နမ့်ခုံး အဖွဲ့ကလဲ ထောက် ပံ့လာတယ်၊ သေဆုံးသွားတဲ့ မယ်ထောက်လိတ်က ခိုလမ်ကို မသွားချင်ဘူး ။ သေမယ်ဆိုရင် အိမ်မှာဘဲ သေပါရစေတဲ့။ ဒါပေမ ယ့် အာဏာပိုင်တွေက စီစဉ်ပေးလိုက် တယ်ဆိုတော့ သူလဲမတတ်နိုင်ရှာဘူး” - ဟု ကူညီထောက် ပံ့ မှုတွင်ပါဝင်သည့် အမှတ် ၂ ရပ်ကွက်သား စိုင်းမောင်းလျှံ က ပြောသည်။

မိုင်းရှူး၊ မိုင်းစန် ဗုံးပေါက်ကွဲမှုသည် ရှုပ်ထွေးမှု ပိုမိုကြီးထွားလာစေရန် တတိယ လက်သည် ဖြစ်နိုင်သည်ဟု မိုင်းရှူးဒေသခံ တချို့က သုံးသပ်သည်။
အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရတပ်မတော် မှ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်သည့် အချိန် နှင့်လည်းတိုက်ဆိုင်နေသည်။

ဓါတ်ပုံ- သေဆုံးသွားသည့် မယ်ထောက်လိတ်
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment