Kendall Jenner က ဆယ်ကျော်သက်အရွယ်က ဝက်ခြံရဲ့ နှိပ်စက်မှုကို ဖွင့်ဟခဲ့


"Keeping Up With The Kardashians" ဆိုတဲ့ အမေရိကန်ရုပ်သံအစီအစဉ် စတားဖြစ်တဲ့
 Kendall Jenner ဟာ သူမ ဆယ်ကျော်သက်အရွယ်က ဝက်ခြံတွေ နှိပ်စက်လို့ အရမ်းကို စိတ်ညစ်ခဲ့ရတယ်လို့ ပြောပါတယ်။ ဝက်ခြံတွေဟာ လူကို အရမ်းကို ကြည့်ရဆိုးစေခဲ့ပြီး ယုံကြည်မှုတောင် ပျောက်ဆုံးစေခဲ့တယ်လို့  Kendall က ပြောတာပါ။ People မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရတော့ အသက် ၁၉ နှစ်အရွယ် Kendall ဟာ သူမရဲ့ ဆယ်ကျော်သက်အရွယ်က ဝက်ခြံတွေကြောင့် လူတောမတိုးခဲ့ဘဲ အရမ်းရှက်ခဲ့တဲ့အကြောင်းကို သူမရဲ့ဝက်ဘ်ဆိုက်ပေါ်မှာ တင်ခဲ့တယ်လို့ သိရပါတယ်။


သူမမှာ အမတွေ အများကြီးရှိခဲ့ပြီး ဝက်ခြံပျောက်ချင်ရင် ဘယ်လိုနေရမယ်ဆိုတာကို ပြောခဲ့ပေမယ့်လည်း သူမက ဂရုမစိုက်ဘဲ နေခဲ့တယ်လို့ သိရပါတယ်။
"ကျွန်မ ရှစ်တန်း ၊ ကိုးတန်း အရွယ်တုန်းကပေါ့ မျက်နှာမှာ ဆိုးရွားလွန်းတဲ့ ဝက်ခြံတွေ ရှိခဲ့တာ ၊
တီဗွီအစီအစဉ်ရှေ့ရောက်ပြီဆိုရင် ကိုယ့်မျက်နှာကို ပြဖို့တောင် ဝန်လေးနေခဲ့တယ် ၊ ကျွန်မ
 စကားပြောပြီဆိုရင် မျက်နှာကို လက်နဲ့အုပ်ပြီး စကားပြောခဲ့တာ။ ကောင်လေးတွေကိုဆို စေ့စေ့တောင်
 မကြည့်ရဲခဲ့ဘူးလို့ " သူမရဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။


"ခရစ္စမတ်ညနေတစ်ခုမှာပေါ့ ၊ အပေါ်ထပ်က ကျွန်မရဲ့ အိပ်ခန်းထဲမှာ ငိုနေခဲ့တယ်။ အဲ့အချိန်မှာ Kim
 ( Kim Kardashian) ရောက်လာပြီး ကျွန်မကို ကြည့်ပြီး သူလည်း တော်တော် ဝမ်းနည်းသွားခဲ့တယ်။ အမတွေ ပြောတဲ့အတိုင်း မျက်နှာနဲ့ လက်ကို မထိအောင်နေခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဝက်ခြံတွေ
 တဖြည်းဖြည်း ပျောက်သွားပြီး အသားအရေလည်း ပြန်ကောင်းသွားတယ်။ ကိုယ့်ကိုကို ယုံကြည်မှုလည်း
ရှိသွားတယ်။ အခုအချိန်မှာသာ အဲ့လိုပုံစံကိုတွေ့ရင် ဘယ်သူမှ Kendall လို့ ယုံမှာ မဟုတ်ဘူး" လို့ Kendall က ဖွင့်ဟခဲ့တာပါ။

(Paing A K)
သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
celebrity.thithtoolwin.com

Ref : Starpulse

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment