အမျိုးသမီး အတွင်းခံကြော်ငြာအတွက် ဓာတ်ပုံအရိုက်ခံခဲ့တဲ့ Irina Shayk


ညှို့အားပြင်းမော်ဒယ်  Irina Shayk ဟာ ဆောင်းရာသီရဲ့ အပူချိန်တွေ မြင့်တက်သွားလောက်အောင် hot တဲ့ ခန္ဒာကိုယ်အနေအထားနဲ့ La Clover အမျိုးသမီးအတွင်းခံအတွက် ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။အသက် ၂၉ နှစ်အရွယ်သူမဟာ La Clover အတွက် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းကလည်း ဓာတ်ပုံအရိုက်ခံခဲ့ဖူး   ပြီး သူမရဲ့ ကောက်ကြောင့းအလှတွေကြောင့် ဒီနှစ် ဆောင်းရာသီအဝင်မှာလည်း ကြော်ငြာမော်ဒယ်အဖြစ် ဆက်လက်လုပ်ဆောင်ပေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။



သူမဟာ ညှို့အားပြင်းမော်ဒယ်တွေထဲက တစ်ယောက်ဖြစ်တာနဲ့အညီ underwear brand တွေအတွက် ဓာတ်ပုံအရိုက်ခံပေးနေတာ သူမအတွက်တော့ မဆန်းတော့ပါဘူး။ သူမဟာ ကြော်ငြာအတွင်းမှာ  underwear အနီ ၊ အပြာ ၊ အစိမ်း စတဲ့ အရောင်တွေကို ဝတ်ဆင်ခဲ့ပြီး အသားညိုညို ပိတုန်းကေသာနဲ့ သူမနဲ့ဆိုရင် အရမ်းကို ပနံတင့်တယ်လို့ မီဒီယာတွေကရေးသားကြပါတယ်။ဓာတ်ပုံတစ်ခုထဲမှာဆိုရင် စန္ဒယားကြီးတစ်ခုကို နောက်ခံထားပြီး ရိုက်ထားတာဟာ အလွန်ပဲလိုက်ဖက်လှပါတယ်။


သူမဟာ ဘောလုံးသမား Cristiano Ronaldo နဲ့ လမ်းခွဲအပြီးမှာတော့ ရုပ်ရှင်မင်းသားကြီး Bradley Cooper နဲ့ Dating လုပ်နေတယ်လို့လည်း သိရပါတယ်။ ဒါကတော့ အချစ်ရေးမှာ အတွေ့အကြုံတွေ ရှိပြီးနေတဲ့ Bradley Cooper အတွက်တော့ Irina Shayk နဲ့ ကိစ္စဟာ သူ့အတွက်တော့ ရင်ခုန်စရာမဟုတ်တော့ဘူးလို့လည်း သိရပါတယ်။ သူမဟာဆိုရင် ဝါသနာအတိုင်း အတွင်းခံမော်ဒယ်တစ်ယောက်အဖြစ် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သူမရဲ့အချစ်ရေးကတော့ စမ်းတဝါးဝါးသာရှိသေးတယ်လို့လည်း သိရပါတယ်။

(Paing A K)
သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
celebrity.thithtoolwin.com
Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment