Koppu မုန်တိုင်းဒဏ်ကနေ အကာအကွယ် ယူနေတဲ့ တံငါသည် တချို့ (Credit: AFP) |
ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်းကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် မြေပြိုမှုတွေအပြင် ရွာပေါင်း ၇၀ လောက်မှာ ရေကြီးမှု ဖြစ်ခဲ့ရာက လူပေါင်း သောင်းနဲ့ချီလည်း နေရာရွှေ့ပြောင်းနေရပါတယ်။
ရာသီဥတု အခြေအနေက ရက်ပိုင်းအတွင်း ဆက်လက် ဆိုးဝါးမှာ ဖြစ်တဲ့အတွက် သေဆုံးသူ ဦးရေ ဒီထက် များပြားနိုင်တယ်လို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။
ရေကြီးတဲ့ နေရာမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ရေး သမားတွေ ကယ်ဆယ်နေဆဲ ဖြစ်ပြီး အိမ်ခေါင်မိုးပေါ်မှာ ကယ်ဆယ်ခံရဖို့ စောင့်ဆိုင်းနေသူတွေကို တွေ့နေရပါတယ်။
အဆိုးထဲက အကောင်းကတော့ el nino ရာသီဥတု ဖြစ်စဉ်ကြောင့် ရေတွေ ခန်းခြောက်နေချိန်မှာပဲ မိုးသည်းထန်မှုကြောင့် တချို့ရေလှောင်ကန်မှာ ရေတွေ ပြန်လည် ရရှိနေပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သတင်းပါတ် အနည်းငယ်တုန်းကပဲ ဖိလစ်ပိုင် နိုင်ငံရဲ့ ၂၀% မှာ မိုးခေါင်ရေရှားမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment