အရေပြားယောင် ရောဂါ တစ်မျိုး(Lupus) ကိုခံစားနေရတယ်လို့ Selena Gomez ထုတ်ဖော်ပြောကြား

အဆိုတော် ကောင်မလေး Selena Gomez ဟာ သူမအနေနဲ့ ပဋီ ဓါတ်ကြောင့်ဖြစ်တဲ့ အရေပြားယောင်ရောဂါ(Lupus) ကိုခံစားခဲ့ရတာကြောင့် ဓါတု ကုထုံးတွေနဲ့ ကုသမှု ခံယူခဲ့ရတဲ့အကြောင်းတွေကို ထုတ်ဖော်ပြောပြလိုက်ပါတယ်။

အဲဒါကြောင့်မို့ပဲ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တုန်းက Selena Gomez ဟာ သြစတြေးလျ နဲ့ အာရှက သူမရဲ့ ဖျော်ဖြေရေး ခရီးစဉ်တွေကို ပယ်ဖျက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ သူမက ဖျော်ဖြေပွဲ ဘာကြောင့်ဖျက်ရသလဲ ဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

အခုတော့ သူမက Billboard မဂ္ဂဇင်းကို သူမ အနေနဲ့ Lupus ရောဂါကို ခံစားနေရတယ်ဆိုတာ ထုတ်ဖော်ပြောပြလိုက်တာပါ။

"ကျွန်မ Lupus ရောဂါကို ခံစားခဲ့ရပါတယ်။ ကျွန်မ ဓါတုကုထုံးတွေနဲ့ ကုသခဲ့ရပါတယ်။ ကျွန်မ ရဲ့ ပျက်ကွက်မှုတွေရဲ့ အကြောင်းအရင်းက ဒါပါပဲ။ သင်တို့ဘာမှ မသိပါဘူး။ ကျွန်မဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ရှိမလာခင် နဲ့ သက်တောင့်သက်သာ ပြန်မဖြစ်လာခင်အထိ တော့ ကိုယ့်ကိုကိုယ် လှောင်ပိတ်ထားခဲ့တာပါ" လို့ Selena Gomez က ဆိုပါတယ်။

ဒီနှစ်မေလတုန်းကလည်း အသက် ၂၃ နှစ်အရွယ် Selena Gomez ဟာ လူမှုကွန်ရက်ကဝေဖန်မှုတွေကြောင့် နာကျင်ခဲ့ပြီး ဒီအကြောင်းတွေကို US Weekly သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူမက ဖြေဆိုခဲ့ပါတယ်။

"ကျွန်မ ဓါတုကုသမှု တွေနဲ့ နပန်းလုံးနေရပါတယ်။ကျွန်မလေဆိပ်မှာ ခြေချလိုက်တာနဲ့ လူတွေကအော်ကြာပါတယ်။ နင်က အရမ်းဝ တယ်လို့ ။ ဒါဟာအံ့သြဖို့လည်းကောင်းပါတယ်" လို့ Selena Gomez က ၀န်ခံခဲ့ပါတယ်။

ဒါ့အပြင်သူမဟာ ကိုယ်အလေးချိန်တိုးလာတာနဲ့ ပတ်သက်ပြီး ဒါတွေဟာ ဓါတ်ပုံတွေကိုသာ ကိုယ်စားပြုနိုင်ပါလိမ့်မယ်လို့ ဆိုထားပြီးသူမရဲ့ အတွေ့အကြုံတွေအကြောင်းကိုလည်း အခုလိုပြောပြပါတယ်။

"နှစ်စဉ်နှစ်တိုင်း ငါဘယ်သူလည်းဆိုတာထက်ပိုတဲ့ အဆင့်ကို ကျွန်မရောက်ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် သတိပေးမှုတွေရှိလာပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာပြီး လွတ်လပ်လာပါတယ်။ ကျွန်မ အခန်းထဲမှာ ပုန်းပြီး စိတ်ဓါတ်ကျနေတော့မှာ မဟုတ်ပါဘူး" ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment