MAC အလှကုန်အတွက် ကြော်ငြာ မော်ဒယ်ဖြစ်လာတဲ့ Ariana Grande

ပေါ့ပ်စတားမလေး Ariana Grande ဟာ MAC အလှကုန်ပစ္စည်းအတွက် မော်ဒယ်ဖြစ်လာတယ်လို့ သိရပါတယ်။ သူမဟာ MAC ရဲ့ VIVA Glam နှုတ်ခမ်းနီကိုကြော်ငြာပေးမယ့်  နောက်ဆုံး အဆိုတော်ဖြစ်လာတယ်လို့လည်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် သူမဟာ ၂၀၁၆ ဇန်နဝါရီလမှာ MAC နဲ့ စတင် ကြော်ငြာမှာဖြစ်ပြီး ရလာတဲ့ အကျိုးအမြတ်အားလုံးဟာ  MAC က ထောက်ပံ့ပေးနေတဲ့ HIV / AIDS ဝေဒနာရှင်တွေအတွက် ရန်ပုံငွေ ဖြစ်လာမယ်လို့ သိရပါတယ်။


 Ariana Grande မတိုင်ခင် MAC  အတွက် နာမည်ကျော်အဆိုတော် Miley Cyrus က အဓိက မော်ဒယ်
အဖြစ် ပြုလုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီနာမည်ကျော် အလှကုန်ပစ္စည်းဟာ Estee Lauder ရဲ့
တံဆိပ်ခွဲဖြစ်ပြီး  Ariana Grande  ကို ကြော်ငြာမော်ဒယ်အဖြစ် ပြုလုပ်စေမယ်လို့ မနေ့မနက်က
 ကြေညာပေးခဲ့ပါတယ်။ သူမဟာ VIVA Glam နှုတ်ခမ်းနီ ပန်းရောင်နဲ့ အနက်ရောင်ကို ကြော်ငြာပေးသွားမှာပါ။ MAC ဟာ အဆိုတော်တွေအတွက်တော့ နှုတ်ခမ်းနီနဲ့ ပါးနီကိုပဲ  ကြော်ငြာခွင့်ပြုပေးထားတယ်
လို့လည်း သိရပါတယ်။ 


" MAC  အတွက် လုပ်ဆောင်ပေးရတာ ဝမ်းသာမိပါတယ်။ ကျွန်မ ကြော်ငြာခွင့်ရမယ့် နှုတ်ခမ်းနီ ၊ ပါးနီလေးတွေကို ဝယ်ယူပေးကြပါ ၊ ဝယ်သမျှ ပိုက်ဆွတွေ အကုန်လုံးကိုလည်း HIV ဝေဒနာရှင်တွေ အတွက် အလှူဖြစ်မှာပါ။ ဒီလို ကြီးကျယ်တဲ့ လုပ်ငန်းကို လုပ်ခွံင့်ရလို့ အရမ်းဂုဏ်ယူမိပါတယ်" လို့ သူမကပြောပါတယ်။  Ariana Grande  ဟာ မကြာသေးမီကလည်း သူမရဲ့  ARI လို့ အမည်ရတဲ့ ပထမဆုံးရေမွှေးကို မိတ်ဆက်ခဲ့တယ်လို့လည်း သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment