NCA မှာ အားလုံး လက်မှတ်မထိုးတာ တရုတ်ကြောင့်လို့ဆို


ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခု (Credit: ABC)
 တရုတ်နိုင်ငံကနေ ​မြန်မာအရေးမှာ ​ဝင်ရောက်စွက်ဖက်ခဲ့လို ​တိုင်းရင်းသား ​လက်နက်ကိုင်တွေ ​အားလုံး ​တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​သဘောတူစာချုပ် ​NCA ​မှာ ​လက်မှတ် ​မရေးထိုးတာလို့ ​ငြိမ်းချမ်းရေး ​အကျိုးတော်ဆောင် ​ဦးမင်းဇော်ဦးက ​ပြောပါတယ်။

ဒေါက်တာ ​မင်းဇော်ဦးက ​ကချင် ​အေအိုင်အိုနဲ့ ​ဝတပ်ဖွဲ့ကို ​လက်မှတ်မထိုးဖို့ ​တရုတ်က ​ဖိအားပေးခဲ့တာကြောင့် ​ဖြစ်တယ်လို့ ​ရိုက်တာ ​သတင်းကို ​ပြောပါတယ်။

တရုတ်တွေရဲ့ ​စွက်ဖက်မှုနဲ့ ​ပတ်သက်ပြီး ​နှုတ်ပိတ်နေခဲ့ပေမယ့် ​ဒီအချိန်ဟာ ​ရေငုံနှုတ်ပိတ်နေရမယ့် ​အချိန်မဟုတ်တော့ဘူးလို့ ​ပြောပါတယ်။

တရုတ်က ​မြန်မာနိုင်ငံမှာ ​တည်ငြိမ်အေးချမ်းမှုကို ​လိုလားပေမယ့် ​တဖက်မှာလည်း ​လွှမ်းမိုးမှု ​ရှိချင်နေတယ်လို့ ​ပြောပါတယ်။

NCA ​ကို ​လက်မှတ်ထိုးတဲ့အခါမှာ ​မျက်မြင်သက်သေအနေနဲ့ ​အမေရိကန်၊ ​ဂျပန်၊ ​ကုလသမဂ္ဂ ​အစရှိတာတွေကို ​ဖိတ်ခေါ်တဲ့အပေါ် ​မကျေနပ်လို့ ​တရုတ်က ​လက်မှတ်မထိုးဖို့ ​ကချင်နဲ့ ​ဝကို ​ဖိအားပေးတာလို့ ​ပြောပါတယ်။

ဒါ့အပြင် ​ကိုးကန့်အဖွဲ့ကို ​မြန်မာ ​အစိုးရက ​NCA ​မှာ ​ပါဝင်ခွင့် ​ပိတ်ပင်ထားတာကြောင့် ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ​ဝန်ကြီး ​Hong ​Lei ​ကတော့ ​ဒေါက်တာ ​မင်းဇော်ဦးရဲ့ ​စွပ်စွဲချက်တွေကို ​ငြင်းဆိုလိုက်ပါတယ်။

တရုတ်အနေနဲ့ ​မြန်မာနိုင်ငံမှာ ​ပြဿနာတွေကို ​ငြိမ်းချမ်းစွာ ​ဖြေရှင်းပြီး ​တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​ကိစ္စကို ​အစောကြီး ​ကတည်းက ​အားပေးခဲ့တာလို့ ​တုန့်ပြန်ထားပါတယ်။

တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေ ​အားလုံး ​NCA ​မှာ ​လက်မှတ် ​မထိုးတာဟာ ​သမ္မတ ​ဦးသိန်းစိန် ​သက်တမ်းအတွင်း ​ဒီကိစ္စကို ​မဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ ​ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ​မဲဆွယ်စရာ ​အားနည်းချက်လို ​ဖြစ်သွားနိုင်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဒီမနက်မှာ ​ကချင်၊ ​ဝနဲ့ ​ကိုးကန့်အဖွဲ့ကို ​ဆက်သွယ်ဖို့ ​ကြိုးစားခဲ့ပေမယ့် ​အောင်မြင်မှု ​မရခဲ့ပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment