ရက်ပ်အဆိုတော် Kanye West ဟာ အမေရိကန် ပြည်ထောင်စု ရဲ့ သမ္မတ Barack Obama ကို သူထုတ်လုပ်တဲ့ Yeezy ဖိနပ် ၂ ရံ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Kanye West ဟာ Obama အတွက် ဆန်ဖရန်ဆစ္စကို မြို့က ဒီမိုကရက်တစ် အမျိုးသား ကော်မတီ မှာ ရန်ပုံငွေ ဖျော်ဖြေပွဲအတွက် သီချင်းဆိုပေး အပြီးမှာပဲ Kanye West ရဲ့ ဇနီးဖြစ်သူ Kim Kardashian က သူမရဲ့ Instagram အကောင့်မှာ Kanye West ရဲ့ Adida ဖိနပ် ကုမ္မဏီ နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ Yeezy ဖိနပ် ၂ ရံကို Obama နာမည်နဲ့ ရေးပြီးပေးပို့ဖို့ ပြင်ဆင်ထားတဲ့ ဓါတ်ပုံကို တင်ခဲ့ပါတယ်။
ထို ဖိနပ် ၂ ရံဟာ Obama နဲ့ သူ့ရဲ့ ဇနီးအတွက်လား ၊ သူတို့ရဲ့ ကလေးတွေအတွက်လား ဆိုတာတော့ ဖော်ပြထားခြင်းမရှိပဲ ဖိနပ် ၂ ရံမှာ ၁ ရံ ကတော့ အရွယ်အစားတော်တော်လေးကြီးတာကိုတွေ့ရပါတယ်။Kanye အနေနဲ့လည်း ထိုဖိနပ် ၂ ရံအတွက် Obama ကို ပိုက်ဆံတောင်းမှာလား ၊ ရင်ထဲက စေတနာနဲ့ အလကားပေးလိုက်တာလား ဆိုတာကို မသိရသေးပါဘူး။
ဒါပေမယ့်လည်း လက်ရှိ သမ္မတ Obama က Kanye West တစ်ယောက် အမေရိကန် သမ္မတ အဖြစ် ၀င်ပြိုင်မယ့် ကိစ္စ အကြောင်းကို နောက်ပြောင်ပြောဆိုအပြီးမှာ Kanye က အခုလို ဖိနပ်တွေပေးခဲ့တာဖြစ်ပါတယ်။၂၀၂၀ ခုနှစ်မှာ အမေရိကန် သမ္မတ အဖြစ်ဝင်ရောက် အရွေးခံမယ်လို့ ပြီးခဲ့တဲ့ MTV VMAs ဆုပေးပွဲမှာ ကြေညာခဲ့တဲ့ Kanye West ကို Obama က သမ္မတ(President)ဖြစ်ချင်နေတဲ့ Yeezy – Peezy ဆိုပြီး နောက်ပြောင်ခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။
Ref: mirror.co.uk
Trend Myanmar
0 comments:
Post a Comment