လူသားဆန်တဲ့ Pepper စက်ရုပ်တွေကို ပြင်သစ်နိုင်ငံမှာ စတင်ရောင်းချ



ဂျပန် နည်းပညာ ကုမ္မဏီ Softbank ဟာ သူတို့ရဲ့ Pepper ဆိုတဲ့ လူသားဆန်တဲ့ စက်ရုပ် တွေကိုဂျပန်နိုင်ငံ ပြင်ပ မှာလည်း ပထမဆုံးအကြိမ် စတင် အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်တယ်လို့  သိရပါတယ်။

ဂျပန် နိုင်ငံ ရဲ့ ဆက်သွယ်ရေး ကုမ္မဏီတစ်ခုဖြစ်တဲ့ Softbank ဟာ Pepper စက်ရုပ်ပေါင်းများစွာကို ပြင်သစ်နိုင်ငံရဲ့ Claye-Souilly ဒေသမှာ ရှိတဲ့ ဟိုက်ပါမားကတ် တစ်ခု မှာ စတင်ရောင်းချနေပါပြီ။ ထို စက်ရုပ်တွေဟာ ၀ယ်ယူသူတွေအတွက် အကြံဥာဏ်ပေးမှုတွေလုပ်ပေးနိုင်မယ့်အပြင် စိတ်ကျေနပ်မှု ရရှိအောင်လည်း စွမ်းဆောင်နိုင်တယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။

"အဓိက ရည်ရွယ်ချက်ကတော့ လူတွေကို ဖျော်ဖြေဖို့နဲ့ သူတို့တွေ ဆိုင်တစ်ဆိုင်မှာ စက်ရုပ်တွေကို တွေ့တဲ့အခါ ဘယ်လိုတုံ့ပြန်တယ်ဆိုတာ သိချင်လို့ပါ" လို့ Softbank ကုမ္မဏီ က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Magali Cubier က ဆိုပါတယ်။

ထို စက်ရုပ်တွေကိုတော့ ၂၀၁၄ ခုနှစ်ဇွန်လမှာ Softbank ကုမ္မဏီ က ပထမဆုံး မိတ်ဆက်ပေးခဲ့ပြီး တစ်နှစ်ခန့် အကြာမှာတော့ ဂျပန် နိုင်ငံအတွင်း မှာ စတင်ရောင်းချခဲ့ပါတယ်။ စက်ရုပ်တစ်ရုပ်ကို ဒေါ်လာ ၁၆၅၀ နဲ့ ရောင်းချခဲ့ရာမှာ ၁ မိနစ်အတွင်း စက်ရုပ် ၁၀၀၀ တိတိ ကို စံချိန်တင်ရောင်းချနိုင်ခဲ့ပါတယ်။ နောက်ထပ် ဇူလိုင် ၊ သြဂုတ် နဲ့ စက်တင်ဘာလတွေမှာလည်း တစ်မိနစ်အတွင်း စက်ရုပ် ၁၀၀၀ ထပ်မံ ရောင်းချနိုင်ခဲ့ပြန်ပါတယ်။

Pepper စက်ရုပ်တွေရဲ့ အားသာချက်ကတော့ အခြား စက်ရုပ် နည်းပညာ ကိရိယာတွေနဲ့ ကွာခြားမှုရှိနေတာပါပဲ။ Pepper ဟာ သာမန် အစေခံတစ်ယောက်ထက် ပိုမို မြင့်မားတဲ့ ဥာဏ်ပညာရှိပါတယ်။ ထို စက်ရုပ်တွေဟာ လူတွေရဲ့ အသံနဲ့ ခိုင်းစေမှုကိုလည်းဆောင်ရွက်ပေးနိုင်ပြီး လူတွေရဲ့ စိတ်ခံစားချက်ကို ဖတ်ပြီး အကောင်းဆုံး တုံ့ပြန်မှုလုပ်ပေးနိုင်တယ်လို့ ကုမ္မဏီက အခိုင်အမာဆိုထားပါတယ်။

( Mario )
သစ်ထူးလွင်(နည်းပညာ)
technology.thithtoolwin.com
Ref : CNET
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment