ဆာလာအိတ်ကြားဖြင့် ထုတ်ကာ စွန့်ပစ်ထားသည့် အမျိုးသမီး လူသေအလောင်း တာချီလိတ်မြို့ ၀မ်ကျောက်လုံ၌ တွေ့ရှိ


 တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ၀မ်ကျောက်လုံ ကျေးရွာအနီး၊ အေးချမ်းမြိုင် လမ်းခွဲအတွင်းရှိ နှစ်ရှည်စိုက်ခြံ အတွင်း၌ ဇစ်ပါ ခရီးဆောင် ဆာလာအိတ်ကြားဖြင့် ထည့်ပြီး စွန့်ပစ်ထားသည့် လူသေအလောင်း တစ်လောင်းအား ပုပ်ပွနေသည့် အနေအထားဖြင့် အောက်တိုဘာလ (၂၃)ရက်နေ့ နံနက်(၁၀)နာရီခွဲခန့်က တွေ့ရှိရကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။


အလောင်းအား တွေ့ရှိရမှုနှင့် ပတ်သက်၍ ဗာဟုနဘုန်းတော်ကြီးကျောင်းရှိ ကိုရင်ငယ်တစ်ပါးမှ ဆွမ်းခံပြန်ချိန်၌ အဆိုပါ အလောင်းအား တွေ့ရှိပြီး၊ သက်ဆိုင်ရာသို့ အကြောင်းကြားရာမှ တာချီလိတ် ရဲတပ်ဖွဲ့မှ ရောက်ရှိသွားပြီး စစ်ဆေးမှုများပြုလုပ်ရာ သေဆုံးသူသည် အသက်(၄၀)ခန့်ရှိ အမျိုးသမီးတစ်ဦး ဖြစ်နေပြီး အလောင်းအား ဇစ်ပါသည့် ခရီးဆောင်ဆာလာအိတ်ကြား အတွင်း၌ ထပ်မံ၍ အမှိုက်ထည့်သည့် ကြွပ်ကြွပ်အိတ်အမဲရောင် အိတ်အကြီး(၂)ထပ်ဖြင့် ထုတ်လျက် အနေအထားဖြစ်နေပြီး သေဆုံးသူ၏ ခန္ဓာကိုယ်ပေါ် စစ်ဆေးမှုများပြုလုပ်ရာတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေခြင်းဖြစ်ကြောင်း နှင့် အဆိုပါ အလောင်းအား လာရောက်စွန့်ပစ်ထားသူအား စုံစမ်းဖော်ထုတ်နေကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

"ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အလောင်းကို ရင်ခွဲရုံမှာ စစ်ဆေးတဲ့အခါ ပြင်ပဒဏ်ရာရရှိထားတာကို မတွေ့ရဘူး၊ ဘာကြောင့် သေလဲဆိုတာကိုတော့ ပြောလို့မရနိုင်သေးပါဘူး၊ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်.."တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းမှ ပြောသည်။


သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းအား မဇ္ဈိမလူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ယင်းအမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်း (ပ)၂၃၆/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

Tachileik News Agency
http://www.tachileik.net/2015/10/WM.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment