တစ်နေ့ တစ်နေ့ Selfie အမြောက်အများရိုက်တတ်သူတွေမှာ စိတ်မူမမှန်တဲ့ရောဂါတစ်ခု ရှိနေ


မိုးလင်းလင်းချင်း မျက်လုံးနှစ်လုံး မပွင့်ခင်မှာ Selfie တစ်ပုံရိုက်တယ်။ နောက် အိပ်ရာကထ ရေချိုးခန်းထဲမှာ တစ်ပုံ ထပ်ဆွဲတယ်။ မနက်စာစားနေတဲ့ Selfie လေးတစ်ပုံလောက်နဲ့ ဒီနေ့ ဝတ်မယ့် အ၀တ်အစားနဲ့ နောက် တစ်ပုံလောက် ထပ်ရိုက်လိုက်ပြန်တယ်။ ဒီ Selfie တွေကို နေ့ လည်မတိုင်ခင်မှာပဲ Instagram ၊ Facebook တို့ မှာ တင်လိုက်ရမှ နေသာထိုင်သာ ရှိသွားတဲ့သူမျိုးတွေထဲမှာ သင်လည်း ပါဝင်ပါသလား။
အမေရိကန်စိတ်ရောဂါပညာရှင်အသင်းကြီးက အခုလို Selfe စွဲလမ်းမှုကို ‘Selfitis’ လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင် ရာမူမမှန်မှုရောဂါတစ်ခုအဖြစ် အမျိုးအစားသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ‘Selfitis’ ဆိုတာ မိမိဘ၀ကို မိမိကျေနပ်မှုမရှိခြင်းကို ဖုံးကွယ်ဖို့ အတွက် ကိုယ့်ဓာတ်ပုံ ကိုယ်ပြန်ရိုက်ပြီး ဆိုရှယ်မီဒီယာတွေမှာ တင်ချင်တဲ့ စိတ်ကို ထိန်းမရတဲ့စွဲလမ်းမှုရောဂါတစ်မျိုးလို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။
ဒီ သတင်းကြောင့် သင်ဟာ စိတ်ကစဥ့်ကလျားရောဂါ ခံစားနေရပြီလို့ သိလိုက်ရတဲ့အချိန်မှာ စိုးရိမ်ကြောင့်ကြမှုတွေ များပြီး ကိုယ့်ရုပ်ကလေး ဘယ်လိုဖြစ်သွားလဲဆိုတာကို မှတ်တမ်းတင်ဖို့ ဖုန်းကင်မရာကို ဖွင့်နေရင်တော့ သင်လည်း ဒီ Selfitis ရောဂါရှင် တစ်ယောက် ဖြစ်နေပြီလို့ ဆိုရမှာပါ။
ဒါပေမယ့် စိတ်မပူပါနဲ့ ။ အခု သတင်းဟာ Adobo Chronicles မဂ္ဂဇင်းမှာ တင်ထားတာဖြစ်ပြီး နောက်ပြောင်ကျီစယ်ထားတဲ့သတင်းအတု တစ်ခုဖြစ်ပါတယ်။ လူတွေဟာ ဒီဆောင်းပါး ကို ဖတ်ကြပြီး သရော်စာဆိုတာကို နားမလည်နိုင်ဘဲ ပြီးစလွယ် share လုပ်ကြပါတယ်။ လူတွေဟာ သတင်းအချက်အလက်ရဲ့ ကျိုးကြောင်းခိုင်လုံမှုကို မေးခွန်းထုတ်ဖို့ မစဉ်းစားကြဘဲ၊ ရုတ်တရက်ဆိုသလိုပဲ Selfie စွဲလမ်းမှုဟာ class A စိတ်ရောဂါတစ်ခုဖြစ်သွားတာဖြစ် ပါတယ်။ဒါပေမယ့်လည်း အခုလို Selfie စွဲစိတ်ဟာ တစ်နေ့ မှာတော့ စိတ်ရောဂါတစ်ခုဖြစ်လာနိုင်ပါတယ်။ လူတွေဟာ Selfie ရိုက်ဖို့ အတွက် ဘေးပတ်ဝန်းကျင်က အန္တရာယ်တွေတောင် သတိမမူကြတတ်တော့ကြောင့် ၂၀၁၅ခုနှစ်အတွင်း ကမ္ဘာမှာ Selfe ကြောင့် သေဆုံးရသူဟာ ငါးမန်းကိုက်လို့ သေဆုံးရသူထက် အရေအတွက်များကြောင်း ကိန်းဂဏန်းစာရင်းတစ်ခုအရ သိရပါတယ်။
Ref: yourtango
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment