Touch ID/Home ခလုတ် ခြစ်ခြစ်တောက်ပူနေကြောင်း iPhone 6s အစောဆုံးဝယ်ကိုင်ထားသူတစ်ချို့  ဝေဖန်တိုင်ကြား

ယခုအဖြစ်အပျက်ကို ပထမဆုံး 9to5Mac ၀က်ဘ်ဆိုဒ်က ပထမဆုံးအသိပေးခဲ့ပြီးနောက် Apple ရဲ့ Support ဖိုရမ်တွေနဲ့ Twitter တွေမှာလည်း 6s ကိုင်သူတွေရဲ့ မကျေမနပ်တိုင်ကြားချက်တွေ ထပ်မံ ထွက်ပေါ်လာပါတယ်။ iPhone 6s ကို အစောဆုံးဝယ်ကိုင်သူတစ်ချို့ က သူတို့ ရဲ့ဖုန်းက Touch ID/Home ခလုတ်ဟာ မကိုင်နိုင်လောက်အောင် ပူခြစ်တောက်နေတယ်လို့ ဆိုပါတယ်။

Apple ရဲ့ Support Communities မှာ တင်ထားတဲ့ thread တစ်ခုမှာလည်း၊ user အများအပြားဟာ အလားတူပြဿနာမျိုးကြုံတွေ့ နေရကြောင်း ဖော်ပြခဲ့ကြပါတယ်။ 6s ကိုင်သူတစ်ယောက်ဟာ သူ့ ရဲ့ ဖုန်းကို သုံးဖို့ လုပ်တဲ့အခါ home screen ဟာ မည်းမှောင်နေပြီး Touch ID/Home ခလုတ်ဟာ ပူနေတာကို ခံစားမိတယ်လို့ ဆိုပါတယ်။ home ခလုတ်နဲ့ lock ခလုတ်ကို ၁၀ စက္ကန့် ကြာ ဖိထားပြီး ဖုန်း restart ချလိုက်ရင် ဒီပြဿနာ ပျောက်သွားတယ်လို့ သိရပါတယ်။

လူအနည်းငယ်သာ ဒီပြဿနာကို ကြုံတွေ့ ခဲ့ကြရပြီး၊ အရင်နှစ်က iPhone 6 မော်ဒယ်ဖုန်းအနည်းငယ်ဟာ သုံးစွဲသူတွေရဲ့ အိတ်ကပ်တွေထဲမှာ ကွေးသွားတာနဲ့ ယှဉ်ရင်တော့ မပြောပလောက်ဘူးလို့ ဆိုရမှာပါ။

9to5Mac.com ရဲ့အဆိုအရ iPhone အသစ်ကိုင်သူတွေဟာ တခြား ချို့ ယွင်းမှု bug အမျိုးမျိုးကိုလည်း ကြုံတွေ့ နေရတယ်လို့ သိရှိရပြီး အများအားဖြင့်တော့ ဆော့ဖ်ဝဲနဲ့ ဆိုင်တဲ့ချို့ ယွင်းချက်တွေသာ ဖြစ်ပါတယ်။ 3D touch နည်းပညာထည့်သွင်းပြီးနောက် ၊ website link တွေကို ပုံမှန် tap လုပ်တာဟာ အရင်လို Safari မပွင့်တာမျိုး၊ ဖုန်းရဲ့အတွင်းစပီကာအသံအရည်အသွေးညံ့နေတာမျိုး တွေကို ကြုံတွေ့ နေရကြောင်း user တွေက တိုင်ကြားခဲ့ပါတယ်။

အစောဆုံးထုတ်ထားတဲ့ဖုန်းတွေဟာ အခုလိုပြဿနာအသေးလေးတွေကြုံတွေ့ ရလေ့ရှိပြီး 5s နဲ့ 5s ဖုန်း အချို့ စထုတ်တုန်းကလည်း ဘက်ထရီပြဿနာလေးတွေ ကြုံတွေ့ ခဲ့ရပါတယ်။
( Ye Wint )
သစ်ထူးလွင်(နည်းပညာ)
technology.thithtoolwin.com
Ref : mashable
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment