နာမည်များစွာဖြင့် အိမ်အကူလုပ်ရင်း အိမ်ရှင်၏ ပစ္စည်းများ လိုက်လံ ခိုးယူနေသူအား ဖမ်းဆီးရမိ



ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်၌ ငွေကျပ် သိန်းတစ်ရာကျော် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခဲ့သူ အိမ်အကူအား စက်တင်ဘာ ၁၅ ရက်က ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ မရမ်းကုန်း မြို့နယ်တွင် နေထိုင်သူ ဒေါ်...မှ ၄င်း၏ နေအိမ်တွင် အိမ်အကူ လိုအပ်သဖြင့် ပွဲစားမှတစ်ဆင့် မနွယ်နွယ်ဝင်း ဆိုသူအား အိမ်အကူခန့်ခဲ့ကြောင်း ဒေါ်….မှာ သြဂုတ် ၂၈ရက်တွင် အိမ်အကူ မနွယ်နွယ်ဝင်းအား အိမ်တွင်ထား၍ အလုပ်သို့ သွားရောက်ခဲ့ရာ မနွယ်နွယ်ဝင်းမှ မွန်းလွဲ ၂ နာရီခန့်တွင် အိမ်မှ ထွက်သွားကြောင်း သိရပြီးနောက် အိမ်ပြန်ရောက်သည်နှင့် အိမ်၏ အနေအထားအား စစ်ဆေးရာတွင် ၄င်း၏ အခန်းအတွင်းမှ စိန်၊ ရွှေ၊ လက်ဝတ်ရတနာ စုစုပေါင်းတန်ဖိုး ၁၇၄ သိန်းကျော် ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး မနွယ်နွယ်ဝင်းအား အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ပြစ်မှု ကျူးလွန်သူ မနွယ်နွယ်ဝင်းအား ဖမ်းမိရန်အတွက် ဆက်လက် စုံစမ်းရာတွင် ဗဟန်း မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားခံထားရသူ မသရဖီပုံအား ဒေါ်...ကို ပြသရာတွင် ယင်းပုံမှာ ဒေါ်...၏ နေအိမ်၌ အိမ်အကူ လုပ်ခဲ့သူ မနွယ်နွယ်ဝင်းပင် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ယင်းနောက် မရမ်းကုန်း မြို့နယ်နှင့် ဗဟန်း မြို့နယ်များတွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သူ မနွယ်နွယ်ဝင်းအား ဆက်လက် စုံစမ်းရာမှ မတရုတ်မ ဆိုသူအား စုံစမ်းမိခဲ့ကာ မတရုတ်မ ဆိုသူမှာ အိမ်အကူ လုပ်ကိုင်သူ မနွယ်နွယ်ဝင်းနှင့် ထောင်အတွင်း ပြစ်ဒဏ်ကျခံစဉ် ခင်မင်ရင်းနှီးခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၁၄ရက်တွင် မတရုတ်မထံသို့ မနွယ်နွယ်ဝင်း၏ ခင်ပွန်းဖြစ်သူမှ ဘဏ်မှတစ်ဆင့် ငွေများ လွှဲပို့ခဲ့၍ အပြုံး (ခ) မတရုတ်မ သိမ်းဆည်းထားခဲ့ကြောင်း သိရသည်။

မနွယ်နွယ်ဝင်း၏ ဓာတ်ပုံအား မတရုတ်မသို့ ပြသရာတွင် မနွယ်နွယ်ဝင်း (ခေါ်) မသရဖီ ဆိုသည်မှာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် နာမည်သာ ဖြစ်ပြီး ၄င်း၏ နာမည်အရင်းမှာ ယမင်း (ခ) မေသန္တာ ဖြစ်ကြောင်း၊ ထားဝယ်မြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း ထပ်မံ သိခဲ့ရသည်။

ဆက်လက် စုံစမ်းရာမှ ပြစ်မှု ကျူးလွန်သူ ယမင်း (ခ) မမေသန္တာနှင့် ခင်ပွန်းဖြစ်သူ အောင်အောင်တို့အား စက်တင်ဘာ ၁၅ရက်တွင် ၀ဲကျွန်း အရှေ့ရပ်ကွက် စားသောက်ဆိုင် တစ်ဆိုင်တွင် လာရောက် စားသောက်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြစ်မှု ကျူးလွန်သူများအား မရမ်းကုန်း မြို့နယ် ရဲစခန်းတွင် (ပ)၄၂၇/၂၀၁၅ (ပြစ်မှုပုဒ်မ ၃၈၁)ဖြင့် လည်းကောင်း ဗဟန်းမြို့နယ် ရဲစခန်းတွင် (ပ)၂၇၁/၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၁ဖြင့် ထပ်မံ အရေးယူထားကြောင်း သိရသည်။

ဇေယျာ
tomorrow.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment