စေ့စပ်လက်စွပ်ကို အံသွားနဲ့လုပ်ခဲ့တဲ့ စုံတွဲ


အမျိုးသမီးတစ်ဦးက သတို့သားလောင်းဖြစ်သူရဲ့ အံသွားနဲ့ပြုလုပ်ထားတဲ့ စေ့စပ်လက်စွပ်ပုံကိုတင်ပြီး “ စိန်တွေက ပြောသလောက်လည်း မဟုတ်ပါဘူး” လို့ရေးသားထားခဲ့ပါတယ်။

အောရင့်ခ်ျ စီရင်စုမှ သတို့သမီးဖြစ်သူ Carlee Leifkes က သတို့သားလောင်းဖြစ်သူ ကနေဒါနိုင်ငံသား Lucas Unger ကို ဂီတဖျော်ဖြေပွဲတစ်ခုမှာ စတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်ပြီး ကျွန်မအတွက် သူရဲ့ အံသွားက စိန်တစ်ပွင့်ပိုပြီး အဓိပ္ပါယ်ရှိတယ်ဆိုတာကို သိတဲ့ ဒီလိုလူမျိုးကို လက်ထပ်ရမယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်” လို့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

“ ကျွန်မတို့နှစ်ယောက်က ဘယ်တုန်းကမှ သမရိုးကျစုံတွဲတွေမဖြစ်ခဲ့ပါဘူး” လို့လည်း Leifkes က ရေးထားခဲ့ပါသေးတယ်။

Unger အသက် ၁၇နှစ်သားကတည်းက နှုတ်ခဲ့တဲ့ အံဆုံးဟာ သူ့အတွက်တော့ စိန်တစ်ပွင့်ထက် တန်ဖိုးရှိကြောင်း Leifkes က Buzzfeed ကို လက်စွပ်အကြောင်းပြောပြခဲ့ပါတယ်။

ဒီလို Facebook ပေါ်မှာ ပုံတင်ခဲ့တဲ့အတွက် ကောင်းမွန်တဲ့ ထင်မြင်ချက်တွေသာမက အဆိုးဘက်က ထင်မြင်ချက်တွေလည်း ရရှိခဲ့ပါသတဲ့။

 “ ကျွန်မတို့ကို ကူညီကြတဲ့ ချစ်ခင်ပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ မင်္ဂလာဓါတ်ပုံတွေကို ဝေမျှဖို့လည်း မစောင့်နိုင်တော့ပါဘူး။ သမရိုးကျ စိန်လက်စွပ်တွေကို သဘောမကျတဲ့ တခြားစုံတွဲတွေကိုလည်း ပြောပြချင်ပါတယ် : စိန်ပွင့်တွေဟာ မိန်းကလေးတွေအတွက် အမြဲတမ်း အကောင်းဆုံးသူငယ်ချင်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်အတွက် သီးသန့်ဖြစ်ပြီး ထူးခြားတဲ့အရာတွေ ရှိလာနိုင်ပါသေးတယ် “ လို့လည်း ရေးသားထားခဲ့ပါတယ်။

( Michelle )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com

Ref: Upi
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment