ဇနီးသည်ဖောက်ပြန်တာကို မိသွားပြီး ဓားနဲ့ ၅၁ချက်ထိုးခဲ့တဲ့ ယောကျာ်း


အလွန်အမင်း ဒေါသထွက်နေတဲ့ ယောကျာ်းတစ်ယောက်ဟာ သူ့ဇနီးသည် ဖောက်ပြန်နေတာကို သိရှိပြီးတဲ့နောက် မီးဖိုချောင်သုံးဓားနဲ့ ၅၁ချက်ထိုးခဲ့တယ်လို့ တရားရုံးမှာ ကြားနာရပါတယ်။

အသက် ၅၁နှစ်ရှိပြီဖြစ်တဲ့ Andrew Munro ဟာ အသက် ၄၇နှစ်ရှိပြီဖြစ်တဲ့ Clare Munro နဲ့ ကလေး ၃ယောက် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂ရက်နေ့က၊ ဝါရင်တွန်အနီးရှိ သူတို့အိမ်မှာ ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်ခဲ့တာပါ။

“Andy, ကျေးဇူးပြု၍ ငါ့ကိုမသတ်ပါနဲ့၊ 999 ကိုဖုန်းဆက်ပြီး အကူအညီတောင်းဖို့လိုတယ်။ ငါ့ကို ဖုန်းဆက်ခွင့်ပေးပါနော်။” ဆိုပြီး  မစ္စစ် Munro က သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ သူ့ယောကျာ်းကို ပြောခဲ့ပါတယ်။
IT သမားဖြစ်တဲ့ Andrew Munro ဟာ သဘောတူကာ လှည့်ထွက်သွားခဲ့ပေမဲ့ နောက်တကြိမ် ဓားနဲ့ထပ်ထိုးခဲ့ပါတယ်။

Andrew Muro ဟာ သူ့ဇနီးဖောက်ပြန်နေတာကို CCTV ကင်မရာကတဆင့် သိရှိခဲ့တာပါ။
“ငါတကယ်စိတ်မကောင်းပါဘူး Clare, ဒါပေမဲ့ မင်း ငါ့ကိုဘာလုပ်ခဲ့တယ်ဆိုတာ မင်းသိတယ်နော်။ မင်းလုပ်ခဲ့တာကို ငါ မယုံကြည်နိုင်ဘူး။ ငါ မင်းကို တကယ် အရမ်းချစ်ခဲ့တာကွ။” လို့ Andrew Muro ကပြန်ပြောခဲ့ပါတယ်။

( Skyler )
သစ်ထူးလွင်
knowledge.thithtoolwin.com


Ref: Mirror 
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment