ဆေးစိမ်ယောနိ ၂၁ခုကို ရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့ အမျိုးသား တရားရင်ဆိုင်ရ


အမျိုးသမီး ၂၁ဦးရဲ့ ယောနိတွေကို မပုပ်မသိုးအောင် ဆေးစိမ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသားဟာ တရားရင်ဆိုင်နေရပါတယ်။

အသက် ၆၃နှစ်ရှိ Peter Frederiksen ဟာ တောင်အာဖရိကရှိ သူ့အိမ်မှာ သူ့ရဲ့ထူးထူးဆန်းဆန်း စုစည်းမှုကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အဖမ်းခံခဲ့ရတာပါ။

သူ့ကိုစွပ်စွဲထားမှုတွေက “လုံးဝ အခြေမခိုင်ဘူး” လို့ Frederiksen ကအခိုင်အမာ ပြောခဲ့ပြီး၊ မှော်ဆေးဆရာတွေနဲ့ ပတ်သက်နေတဲ့ သူ့မိန်းမကိုလည်း အပြစ်တင်ခဲ့ပါတယ်။

“ဒါတွေကို သုံးနေတာက ကျွန်တော်မဟုတ်ဘူး၊ ကျွန်တော့်မိန်းမ ဗျ။” လို့ သူက ဒိန်းမတ်နိုင်ငံသတင်းစာ Ekstra Bladet ကိုပြောခဲ့ပါတယ်။

Frederiksen ဟာ သေနတ်အရောင်းဆိုင်ပိုင်ရှင်  တစ်ဦးဖြစ်ပြီး လိင်အကြမ်းဖက်မှု၊ အမျိုးသမီး ယောနိတွေကို အလွဲသုံးစားပြုမှုတွေနဲ့ တရားရင်ဆိုင်နေရတာပါ။ သူနဲ့ကွာရှင်းထားတဲ့ မိန်းမက ဒီခန္ဓာကိုယ်အစိတ်အပိုင်းတွေကို Lesotho မှာရောင်းချင်ခဲ့တာလို့ သူကဆိုပါတယ်။ နောက်ထပ် သူပိုင်တဲ့ သေနတ်အရောင်းဆိုင် ရှိတဲ့နေရာမှာပေါ့။

ဖြတ်တောက်ထားတဲ့ အမျိုးသမီးယောနိတွေရဲ့ ဓာတ်ပုံတွေကိုလဲ Frederiksen ပိုင်အိမ်ထဲမှာ ရဲတွေကရှာတွေ့ခဲ့ပါသေးတယ်။

သူကတော့ ရေခဲသေတ္တာထဲမှာ ဘာတွေရှိတယ်ဆိုတာ သူမသိဘူးလို့ ငြင်းဆိုနေပါတယ်။

( Skyler )
သစ်ထူးလွင်
knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment