အသက် ၅နှစ် မြေးမကို သဲကန္တာရထဲ သေနတ်နဲ့ထားခဲ့တဲ့ အဖိုး


အရီဇိုးနားပြည်နယ်သား အဖိုးတစ်ယောက်ဟာ သူ့ရဲ့ ၅နှစ်အရွယ် မြေးမလေးကို ကျည်ဆံဖြည့်ထားတဲ့ သေနတ်တစ်လက်ပေးပြီး သဲကန္တာရထဲမှာ ထားခဲ့မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သေနတ်ပေးခဲ့တာက လူဆိုးတွေကို ပစ်ဖို့လို့ ဆိုပါတယ်။

အသက် ၅၃နှစ်ရှိပြီဖြစ်တဲ့ Paul Rater ဟာ ပစ်ကပ်ထရပ်ကားကို အသက်၅နှစ်အရွယ် မြေးမလေးနဲ့ သဲကန္တာရထဲမှာ မောင်းနှင်ခဲ့ပြီး ကားပျက်သွားခဲ့တယ်လို့ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် မာရီကိုပါစီရင်စု ငြိမ်ဝပ်ပိပြားရေးမှူးရုံး ကပြောခဲ့ပါတယ်။

Rater က သူ့မြေးမကို သစ်ပင်အောက်မှာ အရိပ်ကောင်းကောင်းနဲ့ တရေးတမော အိပ်လို့ရအောင် ထားခဲ့ပြီး .45-cabliber သေနတ်ကိုပေးခဲ့ပါတယ်။ အဲ့ဒီ့သေနတ်က ကျည်ဆံဖြည့်ပြီး မောင်းတင်ပြီးသားပါ။ သေနတ်ကို သူ ယူမသွားချင်လို့ပါတဲ့။

Rater ဟာ တစ်မိုင်လောက် လမ်းလျှောက်ပြီးတဲ့အခါ ဒေသခံ ဘားတစ်ခုကိုရောက်ပြီး ချိစ်ဘာကာ စားနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကန္တာရထဲမှာ မောင်းတင်ထားတဲ့သေနတ်ကိုကိုင်လျက်သား ကလေးကိုတော့ မီးသတ်သမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာပါ။

Rater က သူ့ကိုဖမ်းပြီးတဲ့အထိ သူ့မြေးမလေးဘယ်မှာရှိတယ်ဆိုတာကို ပြောပြပြီး တစ်ယောက်ယောက်ကိုမျှ အကူအညီတောင်းခံခဲ့ခြင်း မရှိပါဘူး။

“သူပြောတာတော့ သေနတ်က လူဆိုးတွေကို ပစ်ဖို့တဲ့။ ၅နှစ်သား ကလေးမလေးက ဘယ်လိုလုပ်ပြီး လူကောင်း၊ လူဆိုးခွဲခြားနိုင်မှာလဲ။” လို့ တရားသူကြီးက ပြောခဲ့ပါတယ်။

ကလေးသူငယ် အလွဲသုံးစားလုပ်မှု၊ အန္တရာယ်ပြုမှု ဆိုပြီး အမှုနှစ်ခုနဲ့ Rater ကို တရားစွဲဆိုထားပါတယ်။

( Skyler )
သစ်ထူးလွင်
knowledge.thithtoolwin.com


Ref: Upi
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment