ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Credit: Reuters) |
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး တာဝန်ယူစဉ်အတွင်း ဘန်ကီမွန်းအတွက် ပထမဦးဆုံးသော မြောက်ကိုရီးယား ခရီးစဉ်ဖြစ်ပြီး ဒီခရီးစဉ်ကြောင့် တောင်နဲ့ မြောက် ကိုရီးယားအကြား ဆက်ဆံရေး တိုးတက်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ကြတုန်းမှာပဲ မကြာသေးခင်တုန်းကပဲ မြောက်ကိုရီးယားက အရှေ့ဘက် ကမ်းရိုးတန်းဒေသမှာ ကန့်သတ်နယ်မြေအထိ သတ်မှတ်လိုက်တဲ့အတွက် အဲဒီဒေသမှာ လက်နက်တွေ စမ်းသပ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
မေလတုန်းကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက မြောက်ကိုရီးယား နယ်စပ်မြို့ တစ်မြို့ကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် လည်ပတ်မယ့်ရက် မရောက်ခင်မှာပဲ မြောက်ကိုရီးယားက ဖိတ်ခေါ်ချက်ကို ရုပ်သိမ်းခဲ့ပါတယ်။
ဘန်ကီမွန်းဟာ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖြစ်ခဲ့ပြီး တောင်နဲ့မြောက် ကိုရီးယားအကြား ရင်ကြားစေ့ရေးကို လိုလားသူ ဖြစ်သလို မြောက်ကိုရီးယားရဲ့ နျူကလီးယား ကိစ္စကိုလည်း ဖြေရှင်းလိုသူ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment