ပြဿနာတွေရှိကြတဲ့ ဂျိုလီနဲ့ဘရက်ပစ်တို့စုံတွဲ


ဟောလိဝုဒ် နာမည်ကျော်စုံတွဲတစ်တွဲဖြစ် သော ဘရက်ပစ်နှင့်အန်ဂျလီနာ ဂျိုလီတို့စုံတွဲသည် အခြားစုံတွဲများ ကဲ့သို့ ရန်ပွဲများနှင့်ပြဿနာများရှိ သည်ဟု အန်ဂျလီနာဂျိုလီကိုယ် တိုင်ပြောကြားကြောင်း ဗြိတိန် သတင်းစာ The Telegraph က ဖော်ပြသည်။

By The Sea အချစ်ဒရာမာဇာတ်ကားတွင် ခင်ပွန်းဖြစ်သူ ဘရက်ပစ်ကို ဒါရိုက်တာလုပ်ခြင်းနှင့် ဇာတ်ကားထဲ၌ ရန်ဖြစ်ရသည့်ဇာတ်ကွက်များအကြောင်းကို ဂျိုလီက The Telegraph သတင်းစာနှင့် အင်တာဗျူးတွင်ပြောကြား ခဲ့သည်။ ‘‘ဘရက်နဲ့ကျွန်မမှာ ပြဿ နာတွေရှိပါတယ်။ ဒါပေမဲ့ ဇာတ် ကောင်တွေအနေနဲ့ ကျွန်မတို့ရဲ့ တကယ့်ပြဿနာအစစ်တွေနဲ့ နည်းနည်းလေး နီးစပ်နေမယ်ဆိုရင်တောင် ကျွန်မတို့ ဒီရုပ်ရှင်ကို ရိုက်ဖြစ်မှာမဟုတ်ပါဘူး’’ဟု ဂျိုလီကပြောသည်။

‘‘ရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်မတို့စုံတွဲမှာ တခြားစုံတွဲတွေလိုပဲ ရန်ပွဲတွေ၊ ပြဿနာတွေရှိပါတယ်။ ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စိတ် ဆိုး ဒေါသထွက်တဲ့နေ့တွေရှိပေမယ့် ရုပ်ရှင်ထဲကပြဿနာတွေက ကျွန်မတို့ရဲ့တကယ့်ပြဿနာတွေ မဟုတ်ပါဘူး’’ဟု ဂျိုလီကပြောသည်။ ဂျိုလီက By The Sea ဇာတ်ကား၌ ခင်ပွန်းဖြစ်သူဘရက်ပစ်ကို ဒါရိုက်တာလုပ်ရချိန်တွင် အလွန်သတိထားခဲ့ရသည်ဟု ဂျိုလီကပြောသည်။ ယင်းဇာတ်ကားတွင် ဘရက်ပစ် အထူးကြိုးစားသရုပ်ဆောင်ခဲ့ သည်ဟုလည်းဂျိုလီက ဆိုသည်။

ဂျိုလီနှင့် ဘရက်ပစ်တို့သည် ၂၀၀၅ တွင် Mr.&Mrs. Smith ဇာတ်ကား၌ ပူးတွဲသရုပ်ဆောင် ပြီးနောက် ၁၀ နှစ်အကြာ၌ By The Sea ဇာတ်ကားတွင် ပထမဆုံး အကြိမ် ပူးတွဲသရုပ်ဆောင်ခြင်း ဖြစ်သည်။ ဂျိုလီကိုယ်တိုင်ဇာတ် ညွှန်းရေးသားပြီး ဒါရိုက်တာလုပ် သော By The Sea ဇာတ်ကားကိုနိုဝင်ဘာ ၁၃ ရက်တွင် ရုံတင်ပြသမည်ဖြစ်သည်။ Ref: Just Jared

7day daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment