အန်တီ့အနေနဲ့ ဒီရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့အတွက် လာမယ့် ငါးနှစ်မှာ လွှတ်တော်တွင်း ၀င် ရောက်ခွင့် ဆုံးရှုံးသွားပြီဆိုတော့ နောက်ငါးနှစ်မှာ ဘာတွေဆက် လုပ်သွားဖို့ရှိလဲ။
အသေးစိတ်ကတေ့ အန်တီ့ အဖွဲ့နဲ့ ပြန်တိုင်ပင်မှာပါ။ အန်တီ့ မှာတော့ Plan-B ဆိုတာရှိပါ တယ်။ အကြမ်းဖျင်းတော့ အန်တီ လုပ်လက်စ အလုပ်တွေဖြစ်တဲ့ အမျိုးသမီးခေါင်းဆောင်မှု အား ကောင်းအောင်လုပ်မယ့် ကိစ္စ တွေ လုပ်မယ်။ ဒီမှာ အားအနည်း ဆုံးဖြစ်တဲ့ လွှတ်တော်လေ့လာ စောင့်ကြည့်ရေးလုပ်ငန်းတွေ လုပ်မယ်။ ဥပဒေပညာကို သင်ပေးနေ တာရှိတယ်။ အဲဒါတွေ ဆက်လုပ် မယ်။ အဓိကကတော့ နိုင်ငံရေးမျိုး ဆက်ပြတ်နေတာပေါ့။ ဒီနိုင်ငံမှာ။ ဒါမျိုးနောင်အနာဂတ်မှာ မဖြစ်ရ အောင် နိုင်ငံရေးမျိုးဆက်ပြုစုပျိုး ထောင်တဲ့ အလုပ်တွေလုပ်မယ်။
အန်တီ့ကို ထောက်ခံခဲ့တဲ့ ပြည်သူ တွေကိုကော ဘာများ ပြောချင်ပါ သလဲ။
ဗဟန်းမှာ အန်တီ့ကို ရဲရဲဝံ့ဝံ့ ထောက်ခံပေးခဲ့တဲ့ ပြည်သူအ နည်းဆုံး ငါးထောင်ကျော်ရှိတယ်။ နိုင်ငံရေးရေချိန်မြင့်မားတဲ့ ပြည်သူငါးထောင်ကျော်ဟာ အန်တီရဲ့ မမေ့နိုင်တဲ့ မမေ့အပ်တဲ့ နိုင်ငံရေး ဆိုင်ရာ ကျေးဇူးရှင်တွေအဖြစ် အ သိအမှတ်ပြုပါတယ်။ နိုင်ငံရေး ဆက်လုပ်ဖို့ ဒီမဲဆန္ဒရှင်တွေဟာ တွန်းအားဖြစ်စေပါတယ်။
ဗဟန်းမှာ နိုင်သွားတဲ့ ကိုယ်စား လှယ်လောင်းကိုကော ဘာများ ပြောချင်ပါသလဲ။
၂၀၁၀ ကနေ ၂၀၁၅ အ တွင်း ပြည်သူ့ဘက်က ရပ်တဲ့ အ မတ်တွေ ရှားပါးချိန်မှာ အန်တီ အနေနဲ့ ပြည်သူ့ဘက်က ရပ်တဲ့ အမတ်တစ်ယောက်အနေနဲ့ ရဲရဲ ၀ံ့ဝံ့ရပ်တည်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အခုအရွေးချယ်ခံရ တဲ့သူတွေက ပိုပြီး တာဝန်ကြီးပါ တယ်။ မိမိတို့ ယှဉ်ပြိုင်ပြီး အနိုင် ယူခဲ့တဲ့ အမတ်တွေထက်ပိုပြီး နိုင်ငံအပေါ် သစ္စာရှိတဲ့ ပြည်သူ့ အကျိုးကို လိုလားတဲ့ အမတ်တွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပါ တယ်။
NLD က ဦးဆောင်မယ့် အစိုးရ သစ် ပေါ်ထွက်လာခဲ့ရင် ဒီအစိုးရ သစ်ကိုကော အန်တီ ဘာများ အကြံပြုချင်တာ ရှိပါသလဲ။
ဒီရွေးကောက်ပွဲမှာ ပြည်သူ လူထုရဲ့ တက်ကြွစွာ မဲပေးခဲ့မှုကို ကြည့်ရင် တကယ့်ကို အပြောင်း အလဲကို လိုလားနေကြတာဖြစ်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အ နေနဲ့ ပြည်သူတွေ လိုလားတဲ့ အ ပြောင်းအလဲကို ဖော်ဆောင်နိုင်ပါ စေလို့ ဆုတောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။
7day daily

0 comments:
Post a Comment