မြန်မာ့သမိုင်းသစ်ကို လူထု အားဖြင့် ရေးထိုးမွေးဖွားကြသည့် နေ့တွင် သမိုင်း၌ ပါဝင်လိုသူ အညတရတစ်ဦး လက်သန်းမင်စွန်းခါနီးဆဲဆဲမှာပင် သေဆုံးသွားပါ သည်။ အချို့သော ပုဂ္ဂိုလ်များ ကွယ်လွန်သည့်နေ့ကို အထိမ်းအ မှတ်နေ့အဖြစ် သတ်မှတ်ကြ သည်။ အချို့သော ပုဂ္ဂိုလ်များက အထိမ်းအမှတ်နေ့နှင့် တိုက်တိုက် ဆိုင်ဆိုင် လူ့လောကအတွင်း ၀င် ရောက်မွေးဖွားလာကြသည်။ အ ချို့သော ပုဂ္ဂိုလ်များက အထိမ်း အမှတ်နေ့တွင်မှ ကွယ်လွန်ကြရ သည်။ ကော့မှူးမြို့နယ်တွင် မြန် မာ့သမိုင်းဝင်ရွေးကောက်ပွဲနေ့၌ ဆန္ဒမဲပေးခါနီးဆဲဆဲ မဲရုံဝအ ရောက် ရုတ်တရက်လဲကျကာ လူ့လောကမှထွက်ခွာဘ၀တစ်ပါး သို့ ကူးပြောင်းကွယ်လွန်သူတစ်ဦးရှိ ပါသည်။
သူ့အမည်က ဦးစိန်ဝင်း၊ အ သက် (၄၉) နှစ်၊ ရန်ကုန်တိုင်းဒေ သကြီး၊ ကော့မှူးမြို့နယ် အုတ် ကျင်းကျေးရွာသားတစ်ဦး၊ သူ့ ဘ၀သက်တမ်းတစ်လျှောက် အိမ် ထဲက အိမ်ပြင်သိပ်မထွက်သူအ ဖြစ် လူသိများသည်။ စကားနည်း သူ၊ အနေအေးသူ ဖြစ်သည်။ ယနေ့တော့ သူအိမ်အပြင်ထွက်ဖြစ်ခဲ့ သည်။ ထွက်ရခြင်းက နိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲတွင် ပါ ၀င်မဲပေးရန်။
‘‘ငါမဲသွားပေးဦးမယ်ဟေ့’’ ဟု ဦးစိန်ဝင်းက ဇနီးသည်ကို အော်ပြောရင်း ဆိုင်ကယ်စီး၍ အိမ်မှ ထွက်သွားသည်။
အိမ်စောင့်အဖြစ် ကျန်ခဲ့ သည့် ဇနီးဖြစ်သူ ဒေါ်အုန်းလှခမျာဦးစိန်ဝင်းပြန်လာချိန်ကို ထိုင်လိုက်ထလိုက် အိမ်အလုပ်လေးလုပ် လိုက်နှင့် စောင့်နေမိသည်။ ခင်ပွန်းဖြစ်သူပြန်လာမှ ဒေါ်အုန်းလှက အပြင်ထွက်မဲရုံသွား မဲပေးရမည် ဖြစ်၍ပင်။ နာရီပိုင်းမျှအကြာတွင် ဒေါ်အုန်းလှထံ ပြန်လာပါတော့ သည်။ သို့သော် ဦးစိန်ဝင်းမဟုတ်၊ ဦးစိန်ဝင်းမဲရုံတွင် လဲကျကွယ်လွန်သွားကြောင်း သတင်းစကား ရောက်လာခြင်း ဖြစ်သည်။
‘‘ဒီနေ့မှ သူ့ခမျာတက်တက် ကြွကြွဖြစ်နေတာ။ မဖြစ်မနေ ထည့်ရမယ်ဆိုတာ သူသိတယ်။ မဲ လေးတောင် ပေးမသွားရရှာဘူး’’ ဟု အုတ်ကျင်းရွာအစွန်ရှိ တဲအိမ်ကလေး၏ ကပြင်တွင် အရုပ်ကြိုးပြတ်ထိုင်၍ ဒေါ်အုန်းလှက ပူဆွေးစွာပြောသည်။
ဦးစိန်ဝင်း၏ အိမ်ရှေ့ထောင့် ဘက် လမ်းမဘေးတွင် စိတ်မ ကောင်းစွာ ထိုင်နေသော ဒေါ်သန်းနွဲ့က ‘‘ညက စိတ်လှုပ်ရှားလွန်းလို့ တစ်ညလုံးအိပ်လို့တောင် မပျော် ခဲ့ဘူး။ သူလည်း အဲဒီလို ဖြစ်ခဲ့မှာ ပဲ’’ဟု တွေးတွေးဆဆပြောသည်။
မဲရုံရှိ လူအားလုံးသည် လက် ဖျစ်တစ်တွတ်၊ မျက်တောင်တစ် မှိတ်စက္ကန့်ပိုင်းလေးအတွင်းမှာ ပင် ဖြစ်ပျက်တတ်သည့် မရဏ တရားကို မြင်လိုက်ကြရသည်။ ထို့အတူ နောက်ထပ်နာရီအနည်း ငယ်ကြာပြီးနောက် မဲရုံပိတ်ချိန် ရောက်သည့်အခါတွင်လည်း မြန် မာ့နိုင်ငံရေးအလှည့်အပြောင်း၏ အရေးပါသော အစိတ်အပိုင်း ဖြစ် သည့် မဲရေတွက်မှုကို ကော့မှူး သားတို့ မျက်တောင်မခတ်လေ့လာ စောင့်ကြည့်နေကြပြန်ပါသည်။
‘‘လာပြီးတော့ တန်းစီတဲ့ အ ချိန်မှာ ဒီမှာလူတွေက မတ်တတ် ရပ်နေတာ တအားမများဘူး။ လူ ကျဲကျဲလေးရှိတဲ့အချိန်မှာ သူက ပစ်လဲသွားတယ်။ ပစ်လဲသွား တော့ သူ့ကို ၀ိုင်းကူကြတာပေါ့။ ဘေးကလူတွေက နောက်ပိုင်း မရလည်း မရရော သူ့ရွာကို ပြန်ခေါ် သွားတယ်။ ဖြစ်စဉ်က ဒီလောက်ပဲရှိတယ်’’ဟု တလုတ္ထော်မဲရုံမှူး ဒေါ်သန်းနွဲ့က ပြောပြသည်။
သူက ဆက်လက်ပြီး ‘‘အဲဒီ တုန်းက သူမဲမပေးရသေးဘူး။ တန်းစီရုံလေးပဲ ရှိသေးတယ်’’ဟု ပြန်ပြောင်းပြောပြသည်။
ဦးစိန်ဝင်းသည် ကော့မှူးမြို့ နယ်တွင် မွေးဖွား၍ ကော့မှူးမြို့ နယ်အတွင်းမှာပင် ကွယ်လွန်ခဲ့ သည်။ လွန်ခဲ့သည့် အနှစ်သုံးဆယ်က တစ်ရွာတည်းနေ အတွင်းသိ အစင်းသိ ဒေါ်အုန်းလှနှင့် အိမ် ထောင်ကျသည်။ သူတို့နှစ်ယောက်ကြား သမီးကလေးတစ်ဦးနှောင် ကြိုးတွယ်ခဲ့သည်။ ယခုဆိုလျှင် သမီးကလေးမှာ အိမ်ထောင်ကျ၍ သူတို့နှစ်ဦးမှာ မြေးယောက်ျား ကလေးတစ်ဦး၏ အဘိုးအဘွားဘ၀ပင်ရောက်နေပြီ။ ဦးစိန်ဝင်းငယ်စဉ်က ရွာမှာပင် လယ်လုပ်ခဲ့ သည်။ အသက်ကြီးလာလေ ရွာ၌ စီးပွားရေးမကောင်းလေကြုံလာ ရင်း နောက်ဆုံးသူတို့မိသားစုခမျာ အရပ်အခေါ် ဘောက်၊ ကြုံရာကျ ပန်းတစ်နေ့လုပ်တစ်နေ့စား ဘ၀ သို့ရောက်ရှိလာခဲ့သည်။ သူတို့ခြံ ထဲ၌ ၀၀ဖြိုးဖြိုးဝက်ကြီးနှစ်ကောင် အေးအေးလူလူ အိပ်နေသည်။
သူတို့ပိုင်ဝက်များမဟုတ်။ သူများဝက်ကို သူတို့က ကျွေးမွေး ထားခြင်းဖြစ်ပြီး တစ်ချိန်ကျလျှင် ၀က်၏ တန်ဖိုးထက်ဝက်ကို သူတို့ က ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။ သူတို့မိသားစုအတွက် ၀က်က လေးနှစ်ကောင်လောက်နှင့် လယ် လေးတစ်ကွက်လောက်ပိုင်ချင် သည်ဟု စကားနည်းသော ဦးစိန် ၀င်းက တစ်ခါတော့ ပြောဖူးလေ သည်။
သူ့မိသားစုလေး စားဝတ် နေရေးအဆင်ပြေလာရန်မှာ သူ့ စိတ်ထဲအရင်ဆုံးပေါ်လာတတ် သည့် ဆန္ဒဖြစ်သည်။ သူကိုယ်တိုင်ကမူ ယမကာမှီဝဲရင်း မဖြတ်နိုင် ဘဲ အလုပ်လည်း ငယ်စဉ်ကလို ကောင်းကောင်းမလုပ်နိုင်တော့။ သူ့ဇနီးဖြစ်သူကသာ မိသားစုစား ၀တ်နေရေးကို ဦးဆောင်ဖြေရှင်း နေရသလို ဖြစ်နေသည်။ သူ့ဘ၀ မှာ လုပ်ပိုင်ခွင့်ရှိသူ၊ လုပ်နိုင်သူ တစ်ယောက်ဖြစ်ချင်သည်။ သို့နှင့် နိုဝင်ဘာ ၈ ရက်သည် သူနိုင်ငံသားတစ်ယောက်၏ အခွင့်အရေးကိုရ ယူ၍ နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ကျေပွန်အောင် ထမ်း မည့် သူ၏ D Day ဖြစ်လာခဲ့သည်။မိုးအကုန်ဆောင်းအကူးနံနက် ခင်းတွင် ၀ါးရုံပင်များပတ်လည် ၀ိုင်းရံထားသည့် သူ့တဲအိမ်က လေးနှင့် ခြံဝင်းလေးထဲမှနေ၍ သူ့ခြေလှမ်းများ ထွက်ခွာသွားခဲ့သည်။
ယခုတော့ ရွေးကောက်ပွဲရာ သီရောက်တိုင်း၊ ရွေးကောက်ပွဲနေ့ ရောက်တိုင်း သူ့မိသားစု၊ သူ့ရွာ၊ သူ့အသိုက်အ၀န်းကလေးက ဦး စိန်ဝင်းကို အမှတ်ရစရာဖြစ်လာ တော့မည်။ ကြေကွဲငိုကြွေးထား၍နီရဲနေသော မျက်ဝန်းအစုံနှင့် ကျန်ရစ်သူ ဇနီးသည် ဒေါ်အုန်းလှက တော့ အလျှော့မပေးသည့် လေသံဖြင့် သူ့အိမ်သို့ ရောက်လာသည့် သတင်းထောက်အား ပြောလိုက် သည်။
‘‘သူ့အသက်နဲ့ ရင်းပြီး မ ထည့်ဖြစ်ခဲ့တဲ့ မဲကို ကျွန်မထည့် ဖြစ်အောင်ထည့်မှာ’’။
7day daily

0 comments:
Post a Comment