ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အိုဘားမား ဖုန်းဆက် ချီးကျူး

အမေရိကန်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၂)
 အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ မြန်မာစံတော်ချိန် ကြာသပတေးနေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို တယ်လီဖုန်းဆက်ပြီး ချီးကျူး ဂုဏ်ပြုစကား ပြောခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ တရားဝင်ရလဒ်ကို အားလုံးက လေးစားလိုက်နာရေး အရေးကြီးတဲ့ အကြောင်းနဲ့ လူထုရဲ့ဆန္ဒကို ထင်ဟပ်တဲ့၊ အားလုံးပါဝင်ပြီး ကိုယ်စားပြုမှုရှိတဲ့ အစိုးရမျိုးဖွဲ့စည်းရေး ညီညွတ်ရေးစိတ်ဓာတ်အခြေခံနဲ့ အတူတကွ လုပ်ဆောင်သွားရေး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းတာတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပိုပြီး ငြိမ်းချမ်း၊ ပိုပြီးသာယာဝပြောတဲ့ အနာဂတ် တည်ဆောက်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့အဆင့်တရပ်ဖြစ်တယ် လို့ သမ္မတအိုဘားမားက မှတ်ချက်ပြုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment