တေးအယ်လ်ဘမ်အသစ်အတွက် ကြိုးစားနေတဲ့ Britney Spears



Britney Spears ဟာ သူရဲ့ အယ်လ်ဘမ်အသစ်အတွက် အလုပ်တွေလုပ်နေပါသတဲ့။

အသက် ၃၃နှစ်အရွယ် အဆိုတော်ဟာ အင်္ဂါနေ့က Twitter ပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုတင်ထားပြီး “ အလုပ်ကြိုးစားနေပါပြီ…ကြိုးကြိုးစားစား အလုပ်လုပ်နေပါတယ်…. အယ်လ်ဘမ်အသစ်အတွက်….wheeee! “ လို့ ရေးသားအတည်ပြုထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကလည်း Tweeter မှာ “ ခုပဲ သီချင်းအသံသွင်းလို့ ပြီးပါတယ်၊ ကြိုက်တယ် ဒီသီချင်းကို၊ ဒီသီချင်းက ကျွန်မကို ပြုံးစေတယ်၊ အားလုံးကိုလည်း ပြုံးအောင်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်… #B9 “ လို့  ရေးသားထားခဲ့လို့ အလုပ်တွေရှုပ်နေကြောင်း သိခဲ့ရပြီးဖြစ်ပါတယ်။ 


သူရဲ့ ပထမဆုံးအယ်လ်ဘမ် Britney Jean ပြီး ဒါဟာ ကိုးကြိမ်မြောက် အယ်လ်ဘမ်အသစ်အဖြစ် ထွက်ရှိလာမှာဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် သီချင်းတွေဖြစ်တဲ့ “ Work Bitch “ နဲ့ “Perfume “ တို့ဟာ ၂၀၁၃ ခုနှစ်က အကောင်းဆုံးတေးအယ်လ်ဘမ်အဖြစ် Billboard 200 ရဲ့ နံပါတ် ၄ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

( Michelle )
သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
celebrity.thithtoolwin.com

Ref: Upi
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment