၂၀၁၅ အတွက် Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အဆိုတော်များ



Forbes မဂ္ဂဇင်းဟာ နိုဝင်ဘာလ ၄ ရက်နေ့မှာ  ၂၀၁၅ အတွက် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အဆိုတော်တွေကို ထုတ်ပြန်လိုက်ပါတယ်။Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ဝင်ငွေ အကောင်းဆုံး  အမျိုးသမီး အဆိုတော်စာရင်းမှာတော့ Katy Perry က ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Prism" အယ်လ်ဘမ်ကို ကမ္ဘာအနှံ့ လှည့်လည် ဖျော်ဖြေမှုတွေကနေ ဝင်ငွေတွေ အမြောက်အမြား ရရှိခဲ့တာပါ။ သူမဟာ ရှိုးပွဲပေါင်း ၁၂၆ ပွဲအထိ ပြုလုပ်ခဲ့ပြီး တစ်ပွဲကို ဒေါ်လာနှစ်သန်းလောက်အထိကို ရရှိခဲ့တယ်လို့ သိရပါတယ်။

 ဒါ့အပြင် သူမဟာ အလှကုန်တွေဖြစ်တဲ့ CoverGirl, Coty နဲ့ Claire's တို့နဲ့ စာချုပ်ချုပ်ခဲ့တာကလည်း ဝင်ငွေကို ထပ်တိုးပေးခဲ့တယ်လို့ သိရပြီး သူမရဲ့ ဝင်ငွေဟာ စုစုပေါင်း ဒေါ်လာ ၁၃၅ သန်းအထိ ရှိတယ်လို့ သိရပါတယ်။သူမရဲ့ နောက်မှာတော့ အဆိုတော်မလေး Taylor Swift က ဒုတိယ ဝင်ငွေအကောင်းဆုံးအဖြစ် ရပ်တည်နေခဲ့ပြီး သူမဟာလည်း 1989 အယ်လ်ဘမ်ကို ကမ္ဘာအနှံ့မှာ လိုက်လံဖျော်ဖြေခဲ့တာကြောင့်လို့ သိရပါတယ်။

သူမဟာလည်း နယ်လှည့်ဖျော်ဖြေပွဲတွေကို ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဝင်ငွေ ဒေါ်လာ သန်း ၈၀ လောက် အထိ ရရှိခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သူမနောက်မှာတော့  Fleetwood Mac အမျိုးသမီးဂီတအဖွဲ့ကရပ်တည်နေပြီး နံပါတ်လေးနေရာမှာတော့ ဖျော်ဖြေပွဲ ၆၆ ပွဲပြုလုပ်ခဲ့တဲ့ Lady Gaga က ဝင်ငွေ ၅၉ သန်းနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။

Forbes မဂ္ဂဇင်းမှ ထုတ်ပြန်တဲ့ ၂၀၁၅ အတွက် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အဆိုတော်များ 

====================================================

    Katy Perry - $135 million
    Taylor Swift - $80 million
    Fleetwood Mac - $59.5 million
    Lady GaGa - $59 million
    Beyonce Knowles - $54.5 million
    Britney Spears - $31 million
    Jennifer Lopez - $28.5 million
    Miranda Lambert - $28.5 million
    Mariah Carey - $27 million
    Rihanna - $26 million


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Aceshowbiz
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment