ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးစလုပ်မည်ဟု ဦးအောင်မင်းကိုနိုင်သွားသည့် NLDကိုယ်စားလှယ်ပြော


NLD မှ ဦးအေင်ကျော်စိုး မဲဆွယ်စည်းရုံးရေးကာလတွင်မြင်တွေ့ရစဉ်ဖြစ်သည်။ ဓါတ်ပုံ khon july bobo
 မိမိအနိုင်ရရှိသည့် အတွက် ပထမဆုံး ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး တို့ကို အဓိကစတင်လုပ် ဆောင်သွားမည်ဟု ရှားတောအမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၇ တွင် ဦးအောင်မင်း၏ ပြိုင်ဘက် အနိုင်ရရှိသွားသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စာလှယ် ဦးအောင်ကျော်စိုး ကပြောသည်။

“စစ်မှန်တဲ့အပြောင်းလဲကို လူထုကအမှန်တကယ်လိုချင်တယ်ဆိုတာကို သက်သေပြလိုက်သလိုပါပဲ ။ကျနော် ပထမဆုံးလုပ်ချင်တာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ကျနော်ဦးစားပေး လုပ်သွားမယ် ပြည်နယ်အတွက်ပေါ့ ပြီးတော့တစ်နိုင်ငံလုံးအတွက် လုပ်သွားမယ်။ အခုလိုအနိုင်ရတဲ့ အပေါ်မှာ တော့ သိပ်ထူးထူးခြားခြားတော့မဖြစ်ပါဘူး ”ဟု ဦးအောင်ကျော် စိုးက ပြောသည်။

နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား အနိုင်ရခဲ့ခြင်းမှာ လူထုမှစစ်မှန်သည့် အပြောင်းလဲကို လိုချင်သော ကြောင့် မိမိကို ရွေးချယ်ခြင်း ဖြစ်သလိုမဲပေးခဲ့သည့် မဲဆန္ဒရှင်များ အား အလုပ်ကျွေးပြုသွားမည်ဟု ဆိုပါသ်ည်။

လက်ရှိ မဲရုံများတွင်မဲရေတွက်ထားမှုများအရ ဦးအောင်မင်း အား (၆၆၁)မဲအသာဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရာမျှတမှုရှိစွာ မှန်မှန်ကန်ကန် တရာဝင်မဲစာရင်းများကို ကြေညာမည် ဟုယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment