ဓားထောက်ကာ ငွေများလုယက်သွားသူအား ရဲတပ်ဖွဲ့ဝင်များမှ (၆)နာရီအတွင်းဖမ်းဆီးရမိ


ရန်ကုန်၊ ဇန်န၀ါရီ ၁၈

၁၇.၁.၂၀၁၆ ရက်နေ့ ၁၇၃၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ
မအိအိကျော်သည် ယုဇနပလာဇာမှ အထည်ရောင်းပြီး နေအိမ်သို့ပြန်လာစဉ်
နေအိမ်လှေကား(၃)လွှာအတက်တွင် လူငယ်တစ်ဦးမှ ၎င်းအား ဓားဖြင့်
ထောက်ကာ လက်အားအ၀တ်စကြိုးဖြင့်တုတ်ပြီး ပါးစပ်တွင်အ၀တ်များဆို့၍
ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် လက်တွင်ကိုင်ထားသောငွေကျပ်(၁)သိန်း
အား လုယူထွက်ပြေးသွားခဲ့ကြောင်း၊ လက်အားကြိုးဖြင့်တုတ်နှောင်စဉ် ဓားဖြင့်
ထိခိုက်မိသဖြင့် ၀ဲလက်ဖ၀ါးတွင် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း၊ ပတ်ဝန်းကျင်
အားအော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် တိုက်ခန်းမြေညီထပ်နေ
ကိုသီဟစိုးမှ လုယူထွက်ပြေးသွားသူအား လိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါ
လူငယ်မှ ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသဖြင့် ကိုသီဟစိုးတွင် ဦးခေါင်း
ဝဲဘက်ပြတ်ရှဒဏ်ရာရရှိခဲ့ရာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်
ကုသခဲ့ရကြောင်း တိုင်းတန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၅၄/၂၀၁၆၊ ပြစ်မှု
ပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးစုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ်
နေ ဇော်ဝင်းထွဋ် (၃၄)နှစ်ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအားလိုက်လံဖမ်းဆီး
ခဲ့ရာ ၂၃၃၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာရှေ့တွင်
လုယူသွားသောငွေကျပ်(၁)သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment