ကရင်ပြည်နယ်မှ ပျောက်ဆုံးသူ ကျောင်းသူ(၅)ဦးအား လှိုင်သာယာမြို့နယ် တွေ့ ရှိ


ဓါတ်ပုံ - ရဲဇာနည်
 ကရင်ပြည်နယ်မှ ပျောက်ဆုံးသူ ကျောင်းသူ(၅)ဦးအား လှိုင်သာယာမြို့နယ်
ရဲတပ်ဖွဲ့မှ သတင်းအရ စုံစမ်းရှာဖွေ၍ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

ရန်ကုန်၊ ဇန်န၀ါရီ ၁၈

၁၆.၁.၂၀၁၆ ရက်နေ့ ၂၂၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ
မြို့မရဲစခန်းသို့ ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ်၊ ကော့ကရက်ကျေးရွာမှ
ကျောင်းသူ မဇွန်ပိုးဖြူပါ(၅)ဦးပျောက်ဆုံး သွားပြီး လှိုင်သာယာမြို့နယ်၊
စက်မှုဇုန်(၂)တွင် ရောက်ရှိနေကြောင်းကြားသိရ၍ ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊
ကမမောင်းမြို့မရဲစခန်းမှ ပျောက်ဆုံးသူများ၏ အချက်အလက်များအားပေးပို့
ကာ ကူညီစုံစမ်းရှာဖွေပေးရန် အကြောင်းကြားလာခဲ့ပါသည်။

ထိုသို့အကြောင်းကြားလာသဖြင့် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)သို့ သွားရောက်စုံစမ်းရှာဖွေခဲ့ရာ စက်မှုဇုန်
(၂)၊ အမှတ်(၅၅၅)သဲကွင်းနေ မစန်းစန်းဝင်းနှင့်အတူ မဇွန်ပိုးဖြူပါ ကျောင်းသူ
(၅)ဦးအား တွေ့ရှိသဖြင့် ရဲစခန်းသို့ခေါ်ဆောင်ခဲ့ပြီး စစ်မေးမှုများ ဆောင်ရွက်
ခဲ့ပါသည်။

ယင်းသို့ စစ်မေးခဲ့ရာ မဇွန်ပိုးဖြူ၊ (၁၆)နှစ်၊ မသင်းဝေဖူး၊ (၁၆)နှစ်၊ မနီလာ
မြင့်အောင်၊ (၁၆)နှစ်၊ မသဉ္ဖာပြုံး၊ (၁၅)နှစ်နှင့် မအိသဉ္ဖာဗို၊ (၁၅)နှစ်တို့(၅)ဦး
သည် ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ်၊ ကော့ကရက်ကျေးရွာတွင်နေထိုင်
ပြီး အထက(ကမာမောင်း)မှ (၁၀)တန်းကျောင်းသူများဖြစ်ကြောင်း၊ ၎င်းတို့
သည် ရန်ကုန်တွင်အလုပ်လုပ်ကိုင်လိုသဖြင့် ၁၆.၁.၂၀၁၆ ရက်နေ့ ၁၈၀၀
အချိန်ခန့်တွင် ကော့ကရက်ကျေးရွာ၊ အုန်းတောလှေဆိပ်မှ မြိုင်ကြီးငူသို့
လှေဖြင့်ကူးကာ ခရီးသည်တင်ယာဉ်ဖြင့် ဘားအံမြို့သို့လိုက်ပါခဲ့ကြောင်း၊
ဘားအံမြို့မှတစ်ဆင့် ဘားအံ-ရန်ကုန် ခရီးသည်တင်ဟိုင်းလတ်ယာဉ်ဖြင့်
ရန်ကုန်မြို့သို့လိုက်ပါခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် ယာဉ်နောက်လိုက်ဖြစ်သူ
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ အမှတ်(၅၅၅)သဲကွင်းနေ ကိုမျိုးမြင့်ဇော်မှ
၎င်းတို့ အားမေးမြန်းသဖြင့် ရွှေတိဂုံဘုရားဖူးရန်လာခြင်းဖြစ်ကြောင်းပြောဆို
ရာ ရွှေတိဂုံဘုရားသည် ညပိုင်းအချိန်များတွင်ပိတ်လေ့ရှိရာ နောက်တစ်နေ့
နံနက်မှဖူး၍ရနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်ပေါ်ပါခရီးသည် လှိုင်သာယာမြို့နယ်၊
စက်မှုဇုန်(၂)၊ အမှတ်(၅၅၅)သဲကွင်းနေ မစန်းစန်းဝင်းနှင့်အတူ ၎င်း၏နေအိမ်
တွင် တည်းခိုနေထိုင်နိုင်ကြောင်းပြောသဖြင့် မစန်းစန်းဝင်းနှင့်အတူ
ကိုမျိုးမြင့်ဇော်၏နေအိမ်သို့ လိုက်ပါနေထိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့်
၎င်းတို့(၅)ဦးအား လှိုင်သာယာမြို့မရဲစခန်းဝင်းအတွင်း ရဲမေများနှင့်အတူ
ခေတ္တထိန်းသိမ်းထားရှိခဲ့ပြီး ၎င်းတို့မိဘများထံ ဆက်သွယ်အကြောင်းကြား
ခဲ့ပါသည်။

၁၇.၁.၂၀၁၆ ရက်နေ့ ၀၈၃၀ အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းသို့ မဇွန်ပိုးဖြူ
ပါ ကျောင်းသူ(၅)ဦးတို့၏အုပ်ထိန်းသူများရောက်ရှိလာသဖြင့် လှိုင်သာယာ
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းမြင့်ဦးနှင့်အဖွဲ့မှ ကျောင်းသူ(၅)ဦးတို့၏ အုပ်ထိန်း
သူအသီးသီးထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သတင်းရရှိ
ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment