ဘော့ကီးနား ဖာဆိုနိုင်ငံ မြို့တော်ရှိ ဟိုတယ် တစ်ခု တိုက်ခိုက် ခံရမှုကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့

အော်ဂါဒိုဂူ မြို့တော်ရှိ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားရာ နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    အော်ဂါဒိုဂူ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

    ဘာ့ကီးနား ဖာဆို မြို့တော် အော်ဂါဒိုဂူရှိ ဟိုတယ် တစ်ခုအား အယ်လ်ကိုင်းဒါး အဖွဲ့ဝင်များ၏ ဇန်နဝါရီလ ၁၅ ရက်က တိုက်ခိုက်မှု တစ်ခုတွင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်အား ဘာ့ကီးနား ဖာဆို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် သိမ်းပိုက် မိကြောင်းနှင့် ဓားစာခံများကို ကယ်တင် နိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ဟိုတယ် အတွင်းရှိ နိုင်ငံခြားသားနှင့် ဘာ့ကီးနား ဖာဆို နိုင်ငံသားများ အပါအဝင် ဓားစာခံ အမြားအပြား လွတ်မြောက်လာသည်ကို တွေ့ကြရသည်။

နောက်ဆုံး သတင်းများ အရ လက်ရှိအချိန်တွင် ဓားစာခံ ၃၀ ဦးခန့် လွတ်မြောက်ပြီး ဖြစ်ကြောင်း သိရသည်။

အမေရိကန် အခြေစိုက် ထောက်လှမ်းရေး အဖွဲ့ SITE က ထိုအကြမ်းဖက် တိုက်ခိုက်မှုသည် Al-Qaida in the Islamic Maghreb= AQIM) အဖွဲ့၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ပြောကြားခဲ့သည်။

မျက်နှာဖုံး တပ်ထားပြီး လက်နက်ကြီးများ ကိုင်ဆောင်လာသည့် အကြမ်းဖက်သမား သုံးဦးသည် မော်တော်ကား နှစ်စီးနှင့် ရောက်လာပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အနည်းငယ်သာ ဝေးသည့် ယင်းဟိုတယ်သည် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် သတင်းထောက်များ အနောက်နိုင်ငံသားများ မကြာခဏ တည်းခိုလေ့ရှိသည့် ဟိုတယ်လည်း ဖြစ်သည်။

သေနတ် ပစ်ခတ်မှုနှင့် ပေါက်ကွဲမှုများကို မြို့တော်၏ စီးပွားရေး ရပ်ကွက်အနီး ဒေသ စံတော်ချိန် ည ၇း၃၀ နာရီ ဝန်းကျင်က ကြားခဲ့ရကြောင်းနှင့် အခင်း ဖြစ်ပွားသည့် ဧရိယာအား ဇန်နဝါရီလ ၁၆ ရက် နံနက် ၆း၀၀ နာရီ အထိ အပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment