ဝိတ်လျှော့မှုနှင့် ပတ်သက်လျှင် စားတာကိုသာ ဂရုစိုက်ရသည် မဟုတ်။ အစားအစာများကို ထည့်စားသည့် ပန်းကန်ကိုလည်း အလေးထားရန် လိုအပ်ကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။
ပန်းကန်ပြား သေးသေးကို အသုံးပြုပြီး စားသုံးပါက အစားကို လျှော့စားဖြစ်ကြောင်း ကော်နဲအစား အစာနှင့် တံဆိပ်စမ်းသပ်ခန်းမှ သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။
နေအိမ်တွင် သုံးသည့် ပန်းကန် အရွယ်အစားကို ပြောင်းလဲခြင်းဖြင့် အစားကိုလည်း နည်းနည်းစားပြီး ၀ိတ်မတက်အောင်လည်း ထိန်းနိုင်သွားတတ်ကြောင်း ဘွန်းတက္ကသိုလ်မှ ပညာရှင် နာတာလီနာဇလာတ တက်ဗ်စကာက ပြောဆိုခဲ့သည်။
ပန်းကန်သေးသေးဖြင့် စားခြင်းတွင်လည်း အခြေအနေ အချိန်အခါလည်း ကွာသေးသည်။ ပညာရှင်များသည် အချိုစာများ၊ ပြောင်းဖူးပေါက်ပေါက်များ၊ ရေခဲမုန့်များ၊ နံနက်စာများ အစရှိသည့် အစားအစာ မျိုးစုံကို စားသုံးမှုနှင့် ပတ်သက်၍လည်း လေ့လာခဲ့သည်။
စားသုံးသူများအား ကိုယ်တိုင် ယူစားရသည့် ဆိုင်တစ်ခုတွင် ပန်းကန်ပြား ခပ်သေးသေးဖြင့် စားစေပါက စားသုံးသူများသည် အစားအစာများကို နည်းနည်းသာ ယူစားတတ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် စားသုံးသူများသည် စောင့်ကြည့်နေကြောင်း မသိပါက ပန်းကန်ပြားသေးသေးဖြင့် စားသုံးရန် စမ်းသပ်မှု အောင်မြင်လေ့ ရှိကြောင်း တွေ့ရှိခဲ့ပြန်သည်။
စောင့်ကြည့်နေမှန်း သိသွားပါက ပန်းကန်ပြား အရွယ်အစား သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စားသုံးသည့် အစားအစာ ပမာဏအပေါ် သက်ရောက်မှု မရှိတော့ကြောင်း တွေ့ရှိခဲ့သည်။ ယခုတွေ့ရှိမှုကို စားသုံးသူ သုတေသန အသင်းဂျာနယ်တွင် ဖော်ပြထားသည်။

Credit- messengernewjournal
0 comments:
Post a Comment