ရက္ခိုင့်တပ်တော် ( AA ) နှင့် မြန်မာတပ်တော်တို့ အကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့သည့် နောက်ပိုင်း ဇန်န၀ါရီလဆန်းပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ ကျောက်တော်မြို့နယ်အတွင်း ကားဂိတ် နှင့်
ကားလမ်းတစ်လျှောက် တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီး ခရီးသည်များနှင့်ခရီးသည် တင်ဘက်စက် ကားများကို အဓိကထား စစ်ဆေးနေကြောင်း ကျောက်တော်ဒေသခံများထံမှ သိရသည်။
ယင်း အပြင် ကျောက်တော်မြို့ပေါ် ရပ်ကွက်များတွင်လည်း အာဏာပိုင်များမှညဉ့် အချိန်မတော် ဧည့်စာရင်းများ လာရောက် စစ်ဆေးခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ထိန့်လှန့်နေရကြောင်း
မြိုခံများက ပြောသည်။
ကျောက်တော်နယ် ခံ ဦးကျော်ကျော်နိုင်က “ ကျန်နော်တို့ဒေသမှာ အဓိကတော့ကျောက်တော်မြို့မ ဈေးပေါ့ ။ ဒီ ဈေးကမဲ လိုအပ်တာကို ၀ယ်ရတာလေ ။ အခုနယ်က ရွာသားတွေ ဈေးကို မသွားရတာ တစ်ပတ်လောက်ကို ရှိနေပြီ ။ညဘက်ဆိုင်ရင်လည်း ဧည့်စာရင်းတွေ လာစစ်တော့ ဒေသခံတွေ ပိုပြီးထိန့်လှန့်နေရတာပေါ့ ။
အခုဆိုရင် မဟာမုနိဘုရားကြီးကိုတောင် ပြည်သူတွေ ဘုရားဖူးဖို့ မသွားရဲ ၊ မလားရဲ ဖြစ်နေရတယ်ဗျ ” ဟုပြောသည်။ ၄င်းအပြင် ကျောက်တော်မြို့အတွင်းမှနေ ကျေးရွာများသို့ ပြေးဆွဲပေးနေသည့်
မော်တော်ဘုတ်များမှာလည်းစစ်ဆေးခံနေရသည့်အတွက် ဒေသခံများအနေဖြင့်သွားရေး လာရေး ခက်ခဲနေရသည်ဟု ပြောသည်။
ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်က ၄င်းကဲ့သို့ မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ်ထားခြင်းမှာ
တိုက်ပွဲဖြစ်ပွားခြင်းကိစ္စနှင့် ဆက်စပ်နေသလို မြို့နယ်တွင်း မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရန် အတွက်လုံခြုံရေးတင်းကြပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ ကျောက်တော်မြို့နယ် ရမ်းချောင်းတောင်တန်းဖျားတွင် ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ရာ တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ လူထု ၂၅၀ ကျော် စစ်ရှောင်ဒုက္ခသည်များ အဖြစ် မြောက်ဦးမြို့နယ် အတွင်းသို့ ခုံလှုံရောက်ရှိနေကြောင်း သိရသည်။
မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

0 comments:
Post a Comment